ရွိုင်ရယ်ဒီ ရွှေခါးပတ်ချန်ပီယံဗိုလ်လုပွဲ ကျင်းပပြီးစီး

မန္တလေး ၁၄ ဇူလိုင်

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံရိုးရာလက်ဝှေ့ အဖွဲ့ချုပ်မှ ကြီးမှူးပြီး ရွိုင်ရယ်ဒီ အားဖြည့်အချိုရည်နှင့် ထက်လင်းအကြောပြေ ဒဏ်ကြေလိမ်းဆေးတို့၏ အဓိက ကူညီပံ့ပိုးမှုဖြင့် ဆိုင်းဇော်ဇော် Group မှ စီစဉ်ကျင်းပသည့် ရွိုင်ရယ်ဒီ ရွှေခါးပတ်ချန်ပီယံဗိုလ်လုပွဲကြီး 2019 ကို  မန္တလေးတိုင်းဒေသကြီး ဒိုင်းမွန်းပလာဇာ ၅ လွှာတွင် ဇူလိုင် ၁၃ ရက် ညနေ ၆နာရီခွဲမှစ၍ ကျင်းပခဲ့သည်။ 

 

ရွှေခါးပတ်ပြိုင်ပွဲမကျင်းပမီ ၃ ချီပွဲ ၃ ပွဲ၊ ၄ချီပွဲတစ်ပွဲနှင့် ၅ချီပွဲတစ်ပွဲ ကျင်းပသည်။ ၄ချီပွဲတွင် ဇွဲမာန်အောင် (ယူနိုက်တက်)က စည်တော်ဟိန်း (ဗမာ့သွေးမန္တလေး)ကို အနိုင်ရသည်။ ၅ချီပွဲတွင် သားဒိန်း၊ (ဖိုးရာဇာရန်ကုန်) နှင့် ဘွိုင်ကာ(ကျားဖြူမန္တလေး)တို့ ပူးတွဲသရေပွဲ ရလဒ်ထွက်ပေါ်ခဲ့သည်။

 

၅၁ ကီလိုတန်း ဗိုလ်လုပွဲတွင် သိန်းစိုး ( ရာဇသိင်္ခ)နှင့် သန့်ဇင်ထူး (ရွှေဘားလား)တို့  ၅ချီအချိန်ပြည့် ထိုးသတ်ပြီး အရှုံးအနိုင်မပေါ်သည့်အတွက် အမှတ်ဖြင့် ဆုံးဖြတ်ရာ သိန်းစိုး(ရာဇသိင်္ခ)က အနိုင်ရရှိသည်။

 

၅၄ ကီလိုတန်း ဗိုလ်လုပွဲတွင်  စောရွှေလေး (ဒို့ရိုးရာ)က အောင်ပိုင်(ထူးမေတ္တာထူး) ငြိမ်းချမ်းရေးကို ပထမအချီတွင် အလဲထိုးအနိုင်ရသည်။

 

၅၇ ကီလိုတန်း ဗိုလ်လုပွဲတွင် ဗျ ဂ္ဃ (ကျားဖြူ)နှင့် ဟိန်းထွန်းအောင် (ရွိုင်ရယ်ဒီရွှေသထုံ)တို့ ၅ချီပြည့် ထိုးသတ်သော်လည်း အရှုံးအနိုင် မပေါ်သော်လည်း အမှတ်ဖြင့် ဆုံးဖြတ်ရာ ဗျ ဂ္ဃ (ကျားဖြူ)က အနိုင်ရရှိသည်။

 

၆၀ ကီလိုတန်း ဗိုလ်လုပွဲတွင် စောမင်းနိုင် (ရွှေဘားလားသထုံ) ကနက္ခအောင် (ဇွဲကပင်မြေဘားအံကို) ပထမအချီတွင်  အလဲထိုးအနိုင်ရသည်။

 

၆၃.၆ ကီလိုတန်းဗိုလ်လုပွဲတွင် ထွန်းနိုင်ဦး (S.T.L) နှင့် သွေးသစ်မောင် (အဖြူရောင်သွေးသစ်)တို့ ယှဉ်ပြိုင်ထိုးသတ်ရာ အရှုံးအနိုင်မပေါ်သဖြင့် အမှတ်ဖြင့် ဆုံးဖြတ်ရာ ထွန်းနိုင်ဦးက အနိုင်ရရှိသည်။

 

 ၆၇ ကီလိုတန်းတွင် ရဲတံခွန် (အဖြူရောင်သွေးသစ်)နှင့် စိန်မျိုးအောင် (ဇွဲကပင်မြေ) တို့ယှဉ်ပြိုင်ထိုးသတ်ရာ အရှုံးအနိုင်မပေါ်သဖြင့် အမှတ်ဖြင့် ဆုံးဖြတ်ရာ စိန်မျိုးအောင်က အမှတ်ဖြင့် အနိုင်ရရှိသည်။

 

၇၁ ကီလိုတမ်းတွင် ရန်နိုင်ထွန်း (ဇွဲကပင်မြေ ဘားအံ)က ရှမ်းကို ATM2 ကို ပထမအချီတွင် အလဲထိုးအနိုင်ရသည်။

 

အမျိုးသမီး ၄၃-၅၉ ကီလိုတန်းဗိုလ်လုပွဲတွင် ရွှေကိုလေး (ခြင်္သေ့မင်း)က မေသဇင်ထူး ကယားကအမှတ်ဖြင့် အနိုင်ရရှိသည်။

 

ရွိုင်ရာယ်ဒီ ရွှေခါးပတ်ဗိုလ်လုပွဲကြီးတွင် လက်ဝှေ့သမားဟောင်းကြီးများက လက်ဝှေ့ရေးပြ၍ အကောင်းဆုံးဆုများကို ချီးမြင့်သည်ဟု သိရှိရသည်။

 

ခင်ခင်ဝင်း(ပညာရေး)

 

FB_IMG