ရိုးရာ ဝတ်စုံများ ကွယ်ပျောက်မသွားစေရေး ထိန်းသိမ်းရန်လိုအပ်

တိုင်းရင်းသားလူမျိုးတိုင်းတွင် အမြတ်တနိုးတန်ဖိုးထားဝတ်ဆင်ကြသော ကိုယ်ပိုင်ရိုးရာဝတ်စုံများ ရှိကြသည်။ ရှေးအခါကလက်ဖြင့် ရက်လုပ်သော လက်ရက်ကန်းကို အသုံးပြုထုတ်လုပ်ရာမှ ခေတ်ကာလနှင့် ဈေးကွက်အ ခြေနေအရ စက်ရက်ကန်းဖြင့် ပြောင်းလဲထုတ်လုပ်လာကြသည်။

 

ကိုယ်တိုင်စိုက်ပျိုးသော ဝါကိုဗိုင်းငင်၊ချည်ရစ်၍ ထုတ်လုပ်ခဲ့ရာမှ နိုင်ငံခြားဖြစ်နိုင်လွန်နှင့် အဆင့်မြင့်ချည်များ သုံးစွဲရက်လုပ်လာကြသည်။သို့သော် ရိုးရာအဆင်၊ရိုးရာအရောင်အသွေးနှင့် ဒီဇိုင်းများကို လုံးဝအမပြောင်းလဲ ဘဲ ထိန်းသိမ်းကာ ကယားမျိုးနွယ်စုများအတွက် ဝတ်စုံများထုတ်လုပ်ပေးနေသော ရိုးရာရက်ကန်းနှင့်  ကျား၊ မအင်္ကျီများ၊စလင်းဘက်၊ပိုက်ဆံအိတ်၊ကျောပိုးအိတ်စသည်တို့ ဖြန့်ဖြူးရောင်းချးပေနေသည့် ကယားရိုးရာ အထည်ဆိုင်တစ်ခုကို လွိုင်ကော်မြို့ ချိကယ်ရပ်ကွက်တွင် တွေ့ရှိနိုင်သည်။

 

“ ၁၉၇၇ ခုနှစ်မှာ လက်ရက်ကန်းနဲ့ လုပ်ငန်းစတင်ခဲ့တာ အခုဆို နှစ် ၄၀ သက်တမ်းရှိပြီး ၊ ကယားပြည်က  ကယားလုံချည်တွေထွက်ဖို့ ရည်ရွယ်ပြီးလုပ်ခဲ့တာပါ။ဟိုအရင်က ကယားလုံချည်ကို အင်လေးနဲ့ အမရပူရ ကနေမှာယူခဲ့ရပါတယ်၊အဲဒါနဲ့ကိုယ်ပြည်နယ်မှာပဲ ထုတ်လုပ်မယ်ဆိုတဲ့ စိတ်ကူးရပြီး လုပ်ဖြစ်သွားတာပါ၊ စလုပ်တုန်းကတော့ အခက်အခဲတွေ ရှိခဲ့ပြီး အောင်မြင်မှု သိပ်မရခဲ့ဘူး၊၁၉၉၅ ခုနှစ် ကျောင်းသားပွဲတော် မှာ အနယ်နယ်အရပ်ရပ်က ဧည့်သည်တွေရောက်ရှိလာပြီး ဝယ်ယူကြ၊လက်ဆောင်ပေးကြတာကြောင့် တစ်နိုင်ငံ လုံးပျံ့နှံပြီး လုပ်ငန်းတွင်ကျယ်ခဲ့ပါတယ်’’  ဟု လွိုင်ကော်မြို့ ချိကယ်ရပ်ကွက်ရှိ ကိန္နရီကိန္နရာ ကယားရိုးယာအ ထည်ရက်လုပ်ငန်းမှ ပိုင်ရှင်ဖြစ်သူ ကယားညွန့်တင်လေးက ပြောသည်။

 

ရှေးယခင်က ကယားလုံချည်ကို အဓိကအားဖြင့် အရောင် အနီနှင့် အနက် နှစ်မျိုးသာထုတ်လုပ်ခဲ့ပြီး ယခုအချိန် တွင် အရောင်အသွေးစုံလင်လာသော်လည်း လက်လှမ်းမီရာ အနီးစပ်ဆုံး ၁၉၇၀ ဝန်ကျင်ခန့်က ထုတ်လုပ် သောကယားဂျပ်ခုတ်ထည်များကို ပြန်လည်လေ့လာ နမူနာယူ၍ ရိုးရာအစစ်အမှန်ကို အနီးစပ်ဆုံးရအောင် ထိန်းသိမ်းထုတ်လုပ်ကြောင်း၊ရိုးရာဒီဇိုင်းကို အပျောက်အပျက်မခံနိုင်ပါကြောင်း ၎င်းက ဆိုသည်။

 

မိဘထံမှ ရရှိသော ရိုးရာရက်ကန်းပညာကို သားသမီးများထံသို့ လက်ဆင့်ကမ်းပြီးကျွမ်းကျင်ဝန်ထမ်းများကို လည်း ပျိုးထောင်ပေးလျက်ရှိကြောင်း၊ရိုးရာအထည်များရေရှည်တည်တံ့စေရန်အတွက် အမြတ်တနိုးသုံးစွဲဝတ် ဆင်သူများ ရှိရမည်ဖြစ်ကြောင်း၊သုံးစွဲဝတ်ဆင်သူများ နှစ်သက်စေရန် အရည်အသွေး စံချိန်စံညွှန်းကောင်းမွန် ရန်လိုကြောင်း၊မြတ်နိုးဂုဏ်ယူစွာ ဝတ်ဆင်ထိုက်သော ရိုးရာအထည်ဖြစ်ရန်လိုအပ်ပြီး ရိုးရာလက္ခဏာ မပျောက် စေရန်ထိန်းသိမ်းလုပ်ဆောင် သွားကြရမည်ဖြစ်ကြောင်း၊ရိုးရာဒီဇိုင်းကို အဆင့်ဆင့်တီထွင်ရင်း နောင်တစ်ချိန် တွင် ရိုးရာဝတ်စုံများ ကွယ်ပျောက်သွားသည်မျိုးမဖြစ်စေရေး ထိန်းသိမ်းရန်လိုအပ်ကြောင်း ကယားညွန့်တင် လေးက ပြောသည်။

 

“ ရိုးရာထည်ဖြစ်တဲ့အတွက်ကြောင့် ဒီဇိုင်းကိုထွင်လို့မရပါဘူး၊ကျွန်တော်ဆိုရင်ရွှေချည်၊ငွေချည်ထည့်တာ၊သုံး တာကအစ ယဉ်ကျေးမှုက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်ရပါတယ်၊သူတို့ဘက်ကလည်း တတ်နိုင်သ လောက် လိုက်လျောမှုရှိပါတယ်၊သူတို့ဘက်က တောင်းဆိုတဲ့အတိုင်းလည် ကျွန်တော်တို့ဘက်က ဆောင်ရွက် ပေးခဲ့ပါတယ်၊အဓိကတော့ ကယားထည်ချည်းပဲသီးသန့် ရက်လုပ်ပါတယ်၊ဒါပေမယ့် ကယန်း (ပဒေါင်း) အစရှိ တဲ့ ကယားနွယ်ဖွားတိုင်းရင်းသားတွေရဲ့ ဝတ်စုံတွေ လာအပ်ရင်လည်းပဲ လုပ်ကိုင်ဆောင်ရွက်ပေးပါတယ်”  ကိ န္နရီကိန္နရာ ကယားရိုးရာအထည်ရက်လုပ်ငန်းတွင် စက်ရက်ကန်းစင်ပေါင်း ၂၄ စင်၊ချည်ခုံခြောက်ခုတို့ဖြင့် ကယားရိုးရာ အထည်များ ထုတ်လုပ်လျက်ရှိပြီး တစ်ရက်လျှင် ရိုးရာအဆင် ကွင်း (အစ) ပေါင်း ၃၀ဝ ခန့် ထုတ် လုပ်နိ်ုင်ကြောင်း ၊ယခင်က ကယားရိုးရာ အထည်းများကို အဆိုပါလုပ်ငန်းမှသာ ထုတ်လုပ်ခဲ့သော်လည်း ယခုအ ခါ အခြားသောသူများလည်း လုပ်ကိုင်လာကြကြောင်း သိရသည်။

 

ရာမည