ရခိုင်အမွေအနှစ် ကြေးဆီမီးခွက်အား ရခိုင်ပြည်သူများသို့ လွှဲပြောင်းပေးအပ်

ရန်ကုန် ဇန်နဝါရီ

 

ရခိုင်အမွေအနှစ် ကြေးဆီမီးခွက်အား ရခိုင်ပြည်သူများသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ဇန်နဝါရီ ရက်က ရန်ကုန်မြို့ ပြည်လမ်းရှိ အမျိုးသားပြတိုက်(ရန်ကုန်) ကျင်းပခဲ့သည်။

 

sdfwe

 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က အဖွင့်အမှာစကားပြောကြားပြီး လှူဒါန်းမှုနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ အလှူရှင် ကွယ်လွန်သူ ဦးစံရွှေဘု၏သမီး ဒေါ်ရီရီဇံကိုယ်စား သမီးဖြစ်သူ ဒေါ်ခင်အေးဇံက ရခိုင်အမွေအနှစ် ကြေးဆီမီးခွက် လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဆီမီးခွက်အား ပေးအပ်လှူဒါန်းရာ ဝန်ကြီး ဦးဇော်အေးမောင်၊ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်၊ ယဉ်ကျေးမှုဝန်ကြီးဌာန ပြတိုက်အကြံပေးပညာရှင် ဒေါက်တာနုမြဇံ၊ ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဉီးစီးဌာန ညွှန်ကြားရေးမှူး(ငြိမ်း) ဦးတင်အောင်စိုးတို့က လက်ခံခဲ့ကြသည်။

 

ဒီဆီမီးခွက်ဟာ ဝေသာလီခေတ်မှာ အသုံးပြုခဲ့တဲ့ ရှေးဟောင်းပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ရှင်ဘုရင်တွေ သုံးစွဲခဲ့တယ်လို့ သိရပါတယ်။ ဒီပစ္စည်းကို စတင်တွေ့ရှိသူ ဦးစံရွှေဘု လက်ထက်ကတည်းက ထိန်းသိမ်းလာခဲ့ပြီး အခုဆိုရင် သူ့ရဲ့သမီးဒေါ်ရီရီဇံက ဆက်လက်ထိန်းသိမ်းလာခဲ့တာ အခုဆို သူ့ရဲ့အသက်က (၁၀၀) ရှိပါပြီ။ သမီးဖြစ်သူ ဒေါ်ရီရီဇံက စစ်တွေယဉ်ကျေးမှုပြတိုက်မှာရှိတဲ့ ကွယ်လွန်သူ ဦးစံရွှေဘုရဲ့သမိုင်းဝင် ဓာတ်ပုံနဲ့အတူထားရှိပြီး နောင်လာနောက်သားတွေကို ပြသချင်တဲ့ ဆန္ဒနဲ့ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်ဟု ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စောခင်တင့်က ပြောသည်။

 

ewf

 

ဆီးမီးခွက်မှာ ရွှေရည် ၁၅ ပဲရည်နီးပါး ပါဝင်ပြီး အေဒီ ရာစုခန့်က ထုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သမိုင်းပညာရှင်များက သတ်မှတ်ထားသည်။ ယင်းဝေသာလီကြေးဆီမီးခွက်ကိုင် ကြေးရုပ်တုအား ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဝေသာလီမြို့တော်ဟောင်းမှ မြောက်ဘက်ခြောက်မိုင်ခန့်အကွာ ပြိုင်းတောင်းရွာတွင် ကျောက်စာဝန်ဦးစံရွှေဘုက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါကြေးရုပ်တုအကြောင်းကို ခရစ်နှစ် အေဒီ ၁၉၂၀ ခု ဩဂုတ်လထုတ် မြန်မာနိုင်ငံသုတေသနဂျာနယ် အတွဲအမှတ်(၁၀) အပိုင်း()တွင် ဆောင်းပါးစာတမ်း ရေးသားခဲ့ကြောင်း သိရသည်။

 

ရုပ်တု၏ အောက်ခုံခြေရင်းမှ ဆံထုံးဖျားထိ အမြင့် လက်မရှိပြီး ဝေသာလီခေတ် အမျိုးသမီးတစ်ဦးက လက်နှစ်ဖက်ကို ရှေ့သို့ညီညာစွာ ကွေးဆန့်ထားပြီး လက်ချောင်းငယ် ဆယ်ချောင်းပေါ်တွင် ဘူးသီးထက်ခြမ်းပုံ ကြေးဆီမီးခွက်ကိုတင်ကာ ဘုရားကိုမီးပူဇော်နေဟန် ရုပ်တုဖြစ်သည်။ ရှေးအခါက ကြေးနီဆီမီးခွက်များကို နို့ထောပတ်ဆီထည့်၍ ဆီမီးထွန်းညှိကာ ဘုရားပူဇော်ကြသောဓလေ့ကို ရခိုင်လူမျိုးတို့ ကျင့်သုံးခဲ့ကြကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်) ဓာတ်ပုံ - ထိန်လင်း