ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)မှ တာဝန်ရှိသူများ လာရောက်တွေ့ဆုံ

စစ်တွေ  ဇူလိုင် ၁၂

 

ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မင်းနှင့် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များအား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)မှ ရခိုင်ပြည်နယ်၊ စစ်တွေရုံးတာဝန်ခံ Ms. Wendy Fleury နှင့် မောင်တောရုံးတာဝန်ခံ Mr.Karl – Heinz Moder တို့သည် ယနေ့နံနက် ၁၀ နာရီက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဧည့်ခန်းမ၌လာရောက် တွေ့ ဆုံကြသည်။

 

တွေ့ဆုံစဉ် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)မှ ရခိုင်ပြည်နယ်အတွင်း ကူညီထောက်ပံ့မှုများ ဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်အတွင်း ဆက်လက်ထောက်ပံ့ကူညီ ဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ တိုက်ပွဲရှောင်များအား ကူညီဆောင်ရွက်နေသည ့်အခြေအနေ၊ နေရပ်ပြန် တိုက်ပွဲရှောင်များအား ဆက်လက်ကူညီ ဆောင်ရွက်မည့်အခြေအနေ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းပြီး တိုက်ပွဲရှောင်များအတွက် နေအိမ်များဆောက်လုပ်ပေးနေမှု အခြေအနေ၊ နေရပ်ပြန်တိုက်ပွဲရှောင်များအတွက် လူမှုစီးပွားဘဝ ပြန်လည်ထူထောင်ရေးအတွက် ကူညီဆောင်ရွက်ပေးနေသည့်အနေများ၊ (ICRC)အနေဖြင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ပူးပေါင်းပြီး ကျန်းမာရေးနှင့်ပတ်သက်သည့် လုပ်ငန်းများ၊ စားနပ်ရိက္ခာဖြန့်ဝေရေးနှင့် ပတ်သက်သည့် လုပ်ငန်းများ၊ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာနှင့် ပတ်သက်သည့်လုပ်ငန်းများ၊ အဆောက်အဦနှင့်ပတ်သက်သည့် လုပ်ငန်းများဆောင်ရွက်နေမှု၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအတွက် ဆေးရုံများတွင် ထောက်ပံ့ပေးနေမှု၊ တိုက်ပွဲရှောင်စခန်းများတွင် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအတွက် လိုအပ်သောပစ္စည်းများ ထောက်ပံ့ပေးနေမှုနှင့် အောက်ဆီဂျင်လိုအပ်မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

တွေ့ဆုံပွဲသို့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်သူရ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)မှ ရခိုင်ပြည်နယ်၊ စစ်တွေရုံးတာဝန်ခံ Ms. Wendy Fleury ၊ မောင်တော ရုံးတာဝန်ခံ Mr.Karl – Heinz Moder နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)