ရခိုင်ပြည်နယ်၌ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း ၄၇၉ ကျောင်း အဆင့်တိုးဖွင့်လှစ်၊ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိသူ ၁၄၂၄ ဦးရှိ

စစ်တွေ ၆  ဇွန် 

 

၂၀၁၈-၂၀၁၉ ပညာသင်နှစ်  ရခိုင်ပြည်နယ်၌ အခြေခံပညာကျောင်း ၄၇၉ ကျောင်း အဆင့်တိုး ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ ၁၄၂၄ ဦးအထိရှိခဲ့ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ရခိုင်ပြည်နယ်အတွင်း ကျောင်းသား ၁၈၁၇၈ ဦး ကျောင်းသူ ၂၂၀ဝ၁ ဦး စုစုပေါင်း ၄၀၁၇၉ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ပြည်နယ်တစ်ခုလုံးတွင် တစ်ဘာသာ ဂုဏ်ထူးရှင် ၉၈၂ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၂၁၅ ဦး၊ သုံးဘာသာ ၁၀၄ ဦး၊ လေးဘာသာ ၅၂ ဦး၊ ငါးဘာသာ ၅၄ ဦးနှင့် ခြောက်ဘာသာ ၁၇ ဦး စုစုပေါင်း ၁၄၂၄ ဦးရှိခဲ့ကြောင်း သိရသည်။

 

 

အခြေခံပညာကျောင်းများ အဆင့်တိုးဖွင့်လှစ်မှုအနေဖြင့် စစ်တွေခရိုင်တွင် အထက  လေးကျောင်း၊ အထက(ခွဲ) ခုနှစ်ကျောင်း၊ အလက ၂၃ ကျောင်း၊ အလက(ခွဲ) ၃၄ ကျောင်း၊ မူလွန် ၁၆ ကျောင်း၊ အမက သုံးကျောင်းနှင့်   အမက(ခွဲ) ခြောက်ကျောင်း စုစုပေါင်း ၉၃ ကျောင်း၊ မြောက်ဦးခရိုင်တွင် အထက ရှစ်ကျောင်း အထက(ခွဲ) ၁၈ ကျောင်း၊ အလက ၄၈ ကျောင်း၊ အလက(ခွဲ) ၇၁ ကျောင်း၊ မူလွန် ၃၅ ကျောင်း၊ အမက ၁၁ ကျောင်း၊ အမက(ခွဲ) ၁၀ ကျောင်း စုစုပေါင်း ၂၀၁ ကျောင်း၊ မောင်တောခရိုင်တွင် အလက နှစ်ကျောင်း၊ မူလွန် တစ်ကျောင်း၊ အမက နှစ်ကျောင်း၊ အမက (ခွဲ) သုံးကျောင်း စုစုပေါင်း ရှစ်ကျောင်း၊ ကျောက်ဖြူခရိုင်တွင် အထက သုံးကျောင်း၊ အထက(ခွဲ) ၁၅ ကျောင်း၊ အလက ၅၇ ကျောင်း၊ အလက(ခွဲ) ၂၀ ကျောင်း၊ မူလွန် ၁၆ ကျောင်း၊ အမက ခြောက်ကျောင်း၊ အမက(ခွဲ) ၁၅ ကျောင်း စုစုပေါင်း ၁၃၂ ကျောင်း သံတွဲခရိုင်တွင် အထက နှစ်ကျောင်း၊ အလက ၁၃ ကျောင်း၊ အလက(ခွဲ) တစ်ကျောင်း၊ မူလွန် လေးကျောင်း၊ အမက ခုနစ်ကျောင်း၊ အမက(ခွဲ) ၁၈ ကျောင်း စုစုပေါင်း ၄၅ ကျောင်း အဆင့်တိုးဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

ဝင်းမင်းစိုး(ပြန်/ဆက်)