ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖလား U 17/ 19  မြို့နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ(သံတွဲဇုန်) ကျင်းပ

သံတွဲ ၁၅ ဇူလိုင်

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖလား U 17/19  မြို့နယ်ပေါင်းစုံ အမျိုးသားဘောလုံး ပြိုင်ပွဲ (သံတွဲဇုန်) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၅ ရက် ညနေ ၃ နာရီက သံတွဲခရိုင် ဘောလုံးကွင်း၌ ကျင်းပပြုလုပ်သည်။

 

အခမ်းအနားတွင် သံတွဲခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင် အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲဝင် အားကစားအသင်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။ 

 

mdn

 

ထို့နောက် ယနေ့ယှဉ်ပြိုင်ကစားကြမည့် သံတွဲမြို့နယ်အသင်းနှင့် ငပလီမြို့ ဘောလုံးအသင်းတို့အား ကျောင်းသူလေးများက ပျော်ရွှင်ရင်နှီးစွာ ပန်းစည်းများဆက်ကြပြီး ဘောလုံပြိုင်ပွဲကို စတင်ယှဉ်ပြိုင် ကစားကြကြောင်း သိရသည်။

 

အဆိုပါ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖလား U 17/ 19  မြို့နယ်ပေါင်းစုံ အမျိုးသားဘောလုံး ပြိုင်ပွဲတွင် သံတွဲ၊ တောင်ကုတ် ၊ ဂွ ၊ မန်အောင် မြို့နယ်အသင်းနှင့် ငပလီမြို့အသင်းတို့ ပါဝင် ယှဉ်ပြိုင်ကစား ကြမည်ဖြစ်ကြောင်း သိရသည်။ 

 

သန့်ဇင် ( ခရိုင်ပြန်/ဆက်)