ရခိုင်ရိုးရာ သျှစ်သောင်းမြှောက်ပွဲ(သဲပုံစေတီ)ပွဲတော်ကို စစ်တွေမြို့နှင့် ငပလီကမ်းခြေတို့၌ကျင်းပ

စစ်တွေ ၂၀  မတ် 

 


ရခိုင်ရိုးရာ သျှစ်သောင်းမြှောက်ပွဲ(သဲပုံစေတီ)ပွဲတော်ကို စစ်တွေမြို့ပွိုင့်ကမ်းခြေနှင့် ငပလီ ကမ်းခြေတို့၌ ယနေ့ (တပေါင်းလပြည့်နေ့) မွန်းလွဲပိုင်းမှစတင်၍ ကျင်းပလျှက်ရှိသည်။

 

ေ

 

သျှစ်သောင်းမြှောက်ပွဲ (သဲပုံစေတီ)ပွဲကိုစစ်တွေမြို့၌ သာကီမဏ္ဍိုင်ရခိုင်ယဉ်ကျေးမှုအဖွဲ့နှင့် ပြည်သူများမှလည်းကောင်း၊ သံတွဲမြို့နယ် ငပလီကမ်းခြေ၌ ဒွါရာဝတီအသျှင်ကုသလနှင့် ဒွါရာဝတီ လူငယ်များကလည်းကောင်း ဦးဆောင်ပြီးကျင်းပကြကြောင်း သိရသည်။

 

်ျ

 

ရခိုင်လူမျိုးတို့သည် တပေါင်းလပြည့်နေ့၌ မြတ်စွာဘုရားရှင်အားရည်မှန်း၍ သဲပုံစေတီတည် ကာပူဇော်လေ့ရှိသည့် ရခိုင်တို့၏ရိုးရာဓလေ့တစ်ခုဖြစ်သည်။ သဲပုံစေတီတည်ခြင်းအားဖြင့် မြတ်စွာ ဘုရားရှင်၏ ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်သော ဂုဏ်တော်ကို ပူဇော်ရာရောက်ခြင်း၊ သဲပုံစေတီ တည်ခြင်းအားဖြင့် စပါးဆန်ရေများပွားများခြင်း၊ ဘေးအန္တရာယ်ကင်းဝေးခြင်း၊ ရာသီဥတုကောင်း မွန်ခြင်းနှင့် တိုင်း၊ ပြည်၊ မြို့ရွာအေးချမ်းသာယာခြင်းစသည့် အကျိုးကျေးဇူးများရရှိခြင်းတို့ကြောင့် ကျင်းပကြခြင်းဖြစ်ကြောင်းသိရသည်။

 

ိ

 

သျှစ်သောင်းမြှောက်ပွဲ(သဲပုံစေတီ)ပွဲတော်ကိုတပေါင်းလပြည့်နေ့တွင် ဒီရေကျချိန်၌ လူကြီး၊ လူငယ်၊ လူလတ်များစုပေါင်း၍ လည်းကောင်း၊ အဖွဲ့လိုက်၊ အစုလိုက်၊ မိသားစုအလိုက်လည်းကောင်း သဲသောင်ပြင်တွင်ကျင်းပခြင်းဖြစ်ပြီး ရခိုင်သမိုင်းဝင် ဘုရားစေတီများနှင့် ပုထိုးတော်များ၏ ပုံတူ များကို သဲများဖြင့် တည်ဆောက်ကာ တံခွန်၊ ကုက္ကား၊ ပန်းမာန်၊ ဆီမီးအမွှေးနံ့သာများဖြင့် ပူဇော်ကြခြင်း ဖြစ်ကြောင်းသိရသည်။ 
အဆိုပါ သျှစ်သောင်းမြှောက်ပွဲ(သဲပုံစေတီ)ပွဲတော်ကိုစစ်တွေမြို့၌ ၂၀ဝ၅ ခုနှစ်မှစတင်ကာ ပူဇော်ကျင်းပလာသည်ကို တွေ့ရပြီး သံတွဲမြို့နယ် ငပလီကမ်းခြေ၌ ကျင်းပသည်မှာတတိယအကြိမ် မြောက်ဖြစ်ကြောင်း သိရသည်။ 

 


တင်ထွန်း(ပြန်/ဆက်)