ရမ်းဗြဲမြို့နယ်၌ စက်လှေနစ်မြှုပ်မှုဖြစ်ပွား

ရမ်းဗြဲ  ၈  ဇွန် 
    

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် လက်ခတ်တောင်အနီး ပင်လယ်ပြင်၌  ဇွန် ၇ ရက်နေ့ မွန်းတည့်  ၁၂ နာရီအချိန်တွင် တိုးချဲ့ရပ်ကွက်၊ ကျောက်ဖြူမြို့နေ ဦးသိန်းရွှေ(၅၆)နှစ် မောင်းနှင်ပြီး ငလေပွေ့ကျေးရွာနေ ဦးထွန်းရင်(၄၀)နှစ်ပါကျား (၄)ဦး လိုက်ပါလာသော စက်လှေသည် ဘိလပ်မြေ ၁၂၀ဝ အိတ်အား တင်ဆောင်၍ ကျောက်ဖြူမြို့နယ် ငလေပွေ့ဆိပ်ကမ်းမှ မာန်အောင်မြို့သို့ မောင်းနှင်လာစဉ် လေပြင်းတိုက်ခတ်မှုကြောင့် နစ်မြုပ်သွားခဲ့ကြောင်းနှင့် ဦးသိန်းရွှေပါ ၅ ဦးအား ကယ်ဆယ်ရရှိခဲ့ကြောင်း ရဲပြန်ကြားမှ သတင်းရရှိသည်။ 


MDN