ရမည်းသင်းမြို့တွင် အစားအသောက်နှင့် အလှကုန်ပစ္စည်းများ ရှောင်တခင် ကွင်းဆင်းစစ်ဆေး

ရမည်းသင်း ၁၈  ဒီဇင်ဘာ

 

မန္တလေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေး ဦးစီးဌာနခွဲ၊ မိတ္ထီလာခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ရမည်းသင်းမြို့  မြို့မဈေးကြီးအတွင်း အစားအသောက်နှင့် အလှကုန်ပစ္စည်းများ ရောင်းချနေမှုကို ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

4

 

မြို့မဈေးအတွင်း၊အပြင်တွင် ရောင်းချလျက်ရှိသော ဈေးဆိုင်များကို မန္တလေးတိုင်းဒေသကြီး အစား အသောက်နှင့် ဆေးဝါးကြီးကြပ်မှုကော်မတီ၊ မိတ္ထီလာခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမြင့်မြင့်မော် နှင့်ဝန်ထမ်းများ၊ မြို့မဈေး အကျိုးတော်ဆောင် ကော်မတီများအဖွဲ့ (၃) ဖွဲ့ခွဲ၍ သုံးစွဲရန်မသင့် ကြေညာထားသည့် တားမြစ်အစားအသောက်များနှင့် တားမြစ်ဓာတု ပစ္စည်းပါဝင်သော အလှကုန်များ ရောင်းချမှုရှိ၊ မရှိကို ဈေးဆိုင်ပေါင်း (၄၃) ဆိုင်မှ ပစ္စည်းပေါင်း(၇၆) မျိုး ဝယ်ယူပြီး အစားအသောက်နှင့် အလှကုန်ပစ္စည်းများအား ရွေ့လျားဓါတ်ခွဲစမ်းသပ်ယာဉ်ဖြင့် ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

 

ဇော်ဝင်းအောင်(ရမည်းသင်း)