ရှမ်းပြည်နယ် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာ WWW.VISITINLE.COM WEBSITE နှင့် RESPONSIBLE TOURISM MOVIES မိတ်ဆက် ရှင်းလင်းပွဲ ကျင်းပ

နေပြည်တော် ၂  သြဂုတ်

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် GIZ တို့ ပူးပေါင်းပြီး စီစဉ်ထုတ်လွှင့်သည့် www.visitinle.com Website နှင့် Responsible Tourism Movies  မိတ်ဆက် ရှင်းလင်းပွဲအား သြဂုတ် ၁ ရက် နံနက်ပိုင်းက ဟဲဟိုးမြို့ရှိ Royal Airstrip Hotel ၌ ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင် တက်ရောက်အမှာစကား ပြောကြားသည်။

 

ယခုထုတ်လွှင့်မည့် Website တွင် ခရီးစဉ်ဒေသသစ်များ ဖော်ထုတ်ပြီး ပြည်တွင်း၊ပြည်ပ ဧည့်သည်များ လာရောက်နိုင်မည့်နေရာများကို လွှင့်တင်ကြေညာပေးသွားမှာဖြစ်ပြီး  ရှမ်းပြည်နယ်အတွင်း သဘာဝရှုခင်းများ၊ ခရီးစဉ်ဒေသများကို အထူးပြုပြီး ထုတ်လွှင့်မှာဖြစ် ကြောင်းသိရသည်။ 

 

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ အောက်မြန်မာပြည်တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက အမှာစကားပြောကြားရာတွင် မိမိတို့ပြည်ထောင်စုဝန်ကြီးမှ ခရီးသွားလုပ်ငန်းကို အထူးကြိုးစားနေကြောင်း ယခုလည်း ပြည်ထောင်စုဝန်ကြီး ဖိတ်ကြားချက်အရ ဂျာမဏီနိုင်ငံအခြေစိုက် Senior Experten Services အဖွဲ့အစည်း၏ ကျွမ်းကျင်ပညာရှင်မှ Feasibility Study ပြုလုပ်ရန်အတွက် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နှင့် ညောင်ရွှေမြို့တွင် သင်တန်းကျောင်းဖွင့်လှစ်ရန် ကိစ္စလာခြင်းဖြစ်ပြီးမိမိတို့ ဝန်ကြီးဌာန Website တွင် ယခင်က အင်္ဂလိပ်ဘာသာဖြင့်သာ ထုတ်လွှင့်ပြီး ယခုဘာသာစကား (၈)မျိုးဖြင့် ထုတ်လွှင့်နေကြောင်း၊ ရှမ်းပြည်နယ်ခရီးသွားလုပ်ငန်း အောင်မြင်နေကြောင်းနှင့် ပိုမိုအောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

 

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တောင်ကြီးရုံးခွဲမှ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်မှ ယခု Website ကို လွန်ခဲ့သည့် (၂)နှစ်ကျော်မှ စတင်ကြိုးစားခဲ့ကြောင်း ယခုတရားဝင်ထုတ်လွှင့်နိုင်ပြီဖြစ် ကြောင်းနှင့် www.visitinle.com Website တွင် ရှမ်းပြည်နယ် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရည် ရွယ်၍ ရှမ်းပြည်နယ်အတွင်းရှိ ခရီးစဉ်ဒေသများ၊ သဘာဝတောတောင်ရှု့ခင်းများ၊ ရေတံခွန်များ၊ဂူများ၊  ဒေသတွင်း တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာဓလေ့ထုံးစံများကို  ပြည်တွင်းရှိ တိုင်းရင်းသားပြည်သူလူထု များနှင့် ကမ္ဘာကသိရှိစေရန်လည်းကောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ လိုင်စင်ရဟိုတယ်/ တည်းခိုရိပ်သာများ၊ ခရီးသွားကုမ္ပဏီများ၊ စားသောက်ဆိုင်များ၏ တည်နေရာ၊ ဖုန်းနံပါတ်နှင့် Email လိပ်စာများ ပါရှိကြောင်း ပြောကြားသွားပြီး GIZ မှ   Henrik Wichmann ;   Ms. Frnesia နှင့်  Website အကြောင်း ရှင်းလင်း တင်ပြခြင်းနှင့် GIZမှ Dr. Nicole Haeusler နှင့်  Micheal Haynes မှ  Responsible Tourism  Movies အကြောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။

 

MDN