ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီသို့ သိန်း(၃၀၀၀) တန်ဖိုးရှိ ကျန်းမာရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

တောင်ကြီး  ဧပြီ

 

ရှမ်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်ရည်ရွယ်၍ ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီသို့ ကမ္ဘောဇဘဏ် လီမိတက်မှ ငွေကျပ်သိန်း (၃၀၀၀) တန်ဖိုးရှိ ကျန်းမာရေးအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို ဧပြီ ရက်က တောင်ကြီးမြို့ အမှတ်() အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

 

လှူဒါန်းပွဲတွင် ကမ္ဘောဇဘဏ် လီမိတက် အထွေထွေမန်နေဂျာ ဒေါ်စန္ဒာဝင်းမှ ကျန်းမာရေး ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက လက်ခံရယူခဲ့သည်။

 

အဆိုပါ ကျန်းမာရေးထောက်ပံ့ပစ္စည်းများကို ရှမ်းပြည်နယ်ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှ ယနေ့တွင် ငွေကျပ် () သိန်းတန်ဖိုးရှိ PPE ဝတ်စုံ၊ Mask ၊ Handgel ၊ လက်အိတ်၊ လယ်ရှည်ဖိနပ်၊ လက်သန့် ဆေးရည်တို့ကို ရွှေညောင်၊ ညောင်ရွှေတို့ကို သွားရောက်လှူဒါန်းကြပြီး ပင်းတယ၊ ရွာငံမြို့များကိုလည်း ဆက်လက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)