ရှမ်းပြည်နယ်ကိုယ်စားပြု ဘော်လီဘောအားကစားသမားများအား အောင်နိုင်ရေးအလံ ပေးအပ်

တောင်ကြီး ၁၇  မေ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့က ကြီးမှူးကျင်းပမည့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ရှမ်းပြည်နယ် လေ့ကျင့်ရေးနှင့် အားကစားရုံတွင် ကျင်းပသွားမည်ဖြစ်ရာ ရှမ်းပြည်နယ် ကိုယ်စားပြု ဘော်လီဘော လက်ရွေးစင်အသင်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်းက အောင်လံရေးအလံ ပေးအပ်ပွဲကို ယနေ့ မွန်းလွဲ ၁၂ နာရီတွင် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ကာရာတေးဒို အားကစားခန်း၌ ကျင်းပသည်။

 

mdn

 

တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လာရောက်ယှဉ်ပြိုင်ကစားမည့် အားကစားသမားများ တည်ခိုးနေထိုင်မည့် နေရာ၊ စားရိပ်သာ၊ လေ့ကျင့်ရေးကွင်း၊ ပြိုင်ပွဲကျင်းပမည့် ကွင်းနှင့် ပွဲကြည့်စင် ဆောက်လုပ်နေမှု အခြေအနေကို ဝန်ကြီးက ကွင်းဆင်းကြည့်ရှုရာ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းက ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို လိုက်လံရှင်းလင်းပြသသည်။ 

တိုင်းဒေသကြီး  နှင့်ပြည်နယ်များမှ အသက်(၂၅) နှစ်အောက်အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲသည် အမျိုးသား (၁၅)သင်း နှင့် အမျိုးသမီး(၁၃)သင်းဖြင့် ကျင်းပသွားမည်ဖြစ်ပြီး မေ (၂၂) ရက် မှ မေ (၃၁) ရက်အထိ (၁၀) ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရှိရသည်။

MDN