ရှမ်းရွာသစ်မြို့တွင် ကျောင်းအခြေပြု လုပ်ငန်းခွင်အတွင်း ဆရာအတတ်ပညာ ဆွေးနွေးပွဲကျင်းပ

ရှမ်းရွာသစ် ၆

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မူလတန်း ကျောင်းသားကျောင်းသူများ ပညာရေးကို ထိရောက်သောသင်ကြားမှုနှင့် သင်ယူမှုရှိစေရန် ရည်ရွယ်၍ ကျောင်းအခြေပြု လုပ်ငန်းခွင်အတွင်း ဆရာအတတ်ပညာ ဆွေးနွေးပွဲ ကို ဇန်နဝါရီ ၆ ရက် နံနက် (၁၀) နာရီက ရှမ်းရွာသစ်မြို့ အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ သင်တန်းနည်းပြဆရာမ ဒေါ်နန်းကြည်ကြည်သန့်က အဖွင့်အမှာစကားပြောကြားပြီး ရှမ်းရွာသစ်မြို့အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ စုစုပေါင်း (၆၃) ဦးတို့က တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ကျောင်းသား၊ ကျောင်းသူများအတွက် သင်ကြားရေးကို အဓိကထား၍ အဆိုပါ ဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ပညာရေးဌာနမှ သိရသည်။

 

ဇင်လေး (ပြန်/ဆက်)