ရင်ဆိုင်- မရမ်းချောင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ၄၀ ရာခိုင်နှုန်း ပြီးစီး

ကျောင်းကုန်း  ၃၀  ဇွန်

 

ဧရာဝတီတိုင်းဒေသကြီး  ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် ရင်ဆိုင်အုပ်စု ရင်ဆိုင်-မရမ်းချောင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းသို့ လွှ‌တ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်မှ တာဝန်ရှိသူများသည် ယနေ့ နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

အဆိုပါ ရင်ဆိုင်-မရမ်းချောင်လမ်းသည် အရှည် (၁)မိုင်၊ အကျယ်(၁၂)ပေနှင့် ထုထည် (၇)လက်မဖြင့်  ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို Arakan Ray ကုမ္ပဏီမှ တာဝန်ယူ၍ တိုင်းဒေသကြီး ခွင့်ပြရန်ပုံ ငွေကျပ်  ၂၅၄ ဒသမ ၄၉၂ သန်းဖြင့် ဆောင်ရွက်လျက်ရှိရာ ၄၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

ကျောင်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်လမ်းဦးစီး တာဝန်ခံအင်ဂျင်နီယာ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး တာဝန်ခံ အင်ဂျင်နီယာနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဇူလိုင်လအတွင်း အခြေခံပညာအထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ် တော့မည်ဖြစ်ရာ ကျောင်းသား ကျောင်းသူများ သွားလာမှုအဆင်ပြေစေရေးနှင့် အချိန်မီပြီးစီးရေး မှာကြားခဲ့ကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)