ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် စပ်လျဉ်းပြီး သဘောထားအမြင်များကို မေးမြန်းတင်ပြ

မတ် ၁၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်တွင် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားမှုအခမ်းအနားကို ကျင်းပရာ တက်ရောက်လာကြသည့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံပြီး ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် စပ်လျဉ်းပြီး သဘောထားအမြင်များကို မေးမြန်းတင်ပြလိုက်ရပါသည်။ 

 

ဒေါ်ခင်လှမြင့်
(ဒုတိယညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး) 

 

ရန်ကုန်တိုင်းဒေသကြီးမှာလာပြီးတော့ နိုင်ငံတော်အဆင့်လုပ်တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ၊ ဌာနဆိုင်ရာတွေအားလုံးက ပံ့ပိုးပေးတယ်။ရင်ခွင်မဲ့ကလေးဆိုတာ မိဘရှိပြီးရင်ခွင်မဲ့နေတာရှိသလို မိဘကပစ်ထားခဲ့လို့ ရင်ခွင်မဲ့နေတာလည်းရှိတယ်။ မိဘရှိပြီး ရင်ခွင်မဲ့တယ်ဆိုတာမိဘက စီးပွားရှာနေတာ၊ အပျော်အပါး မက်နေတာနဲ့ ပစ်ထားတာတွေရှိတယ်။ အဲဒီအတွက်လည်း ဒီနေ့အခမ်းအနားမှာ ပညာပေးတာတွေလုပ်သွားမယ်။ ဒီနေ့အခမ်းအနားလေးဟာ အမျိုးသမီးတွေ အရွယ်သုံးပါးမရွေး စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမခံရစေဖို့အတွက် အသိပညာပေးနေတဲ့ပွဲပါ။ အမျိုးသမီးတွေလည်းအသိပညာရတယ်၊ အမျိုးသားတွေလည်း အသိပညာ ရပါတယ်။

 

တွေ့ဆုံမေးမြန်း-မင်းသစ်
ဓာတ်ပုံ-ဇော်မင်းလတ်