ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် စပ်လျဉ်းပြီး သဘောထားအမြင်များကို မေးမြန်းတင်ပြ

မတ် ၁၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်တွင် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားမှုအခမ်းအနားကို ကျင်းပရာ တက်ရောက်လာကြသည့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံပြီး ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် စပ်လျဉ်းပြီး သဘောထားအမြင်များကို မေးမြန်းတင်ပြလိုက်ရပါသည်။ 

 

ဆရာမ ဒေါ်သင်းသင်းနွယ်၊ [အထက(၁)ဒဂုံ]

ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနဲ့ ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားမှုအခမ်းအနားက လူငယ်တွေအတွက် အလွန်ကောင်းပါတယ်။ သက်ငယ်မုဒိမ်းမှုတွေ အလွန်များလာနေတဲ့အချိန်မှာ ကလေးတွေ အားလုံးအတွက် အသိပညာဗဟုသုတရစေတဲ့ အခမ်းအနားဖြစ်ပါတယ်။ အမျိုးသမီးငယ်တွေ၊ ကျောင်းသား ကျောင်းသူတွေကို ပညာပေးတဲ့ အစီအစဉ်တွေ အများကြီးပါနေတဲ့အတွက် ကောင်းပါတယ်။ ဒီနေ့အခမ်းအနားမှာ အမျိုးသမီးငယ်တွေနဲ့ ပတ်သက်ပြီး အသိပညာပေး ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာတွေ တွေ့ရတယ်။ ကျွန်မတို့ကျောင်းက ကျောင်းသူ ၅၀ လာရောက်လေ့လာ ကြပါတယ်။

 

တွေ့ဆုံမေးမြန်း-မင်းသစ်
ဓာတ်ပုံ-ဇော်မင်းလတ်