ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ဟောပြောပွဲ တီးတိန်တွင်ပြုလုပ်

ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ဟောပြောပွဲနှင့် ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ချင်းပြည်နယ်၊ တီးတိန်မြို့ မြို့မရပ်ကွက် CMBC ခန်းမဆောင်၌ ပြုလုပ်သည်။

ရှေးဦးစွာ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ဗဟိုဥက္ကဋ္ဌ ဒေါ်မေယဉ်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာပြုံးမိုအိက “အပျိုဖော်၊ လူပျိုဖော်ဝင်ချိန် မျိုးဆက်ပွားကျန်းမာရေး”ကို လည်းကောင်း၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာမြသီတာက “စီမံချက်ချပြီး မိသားစုထူထောင်ခြင်း”ကို လည်းကောင်း၊ တီးတိန်မြို့နယ်ဆေးရုံအုပ် ဒေါက်တာဇော်မင်းနိုင်က “အရေးပေါ်သားဆက်ခြားနည်း” ကို လည်းကောင်း အသီးသီးဟော ပြောဆွေးနွေးကြသည်။

 

ယင်းနောက် တက်ရောက်လာသူများက သိရှိလိုသော အကြောင်းအရာများ မေးမြန်းကြကာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြပြီး အခမ်းအနားသို့ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ တီးတိန်မြို့နယ်နှင့် တွန်းဇန်မြို့နယ်တို့မှ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)