ရှန်ဟိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ လေးဦးတွေ့ရှိ

၂ စက်တင်ဘာ

 

 

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ လေးဦးရှိကြောင်း၊ ယင်းကူးစက်ခံရသူ လေးဦးမှာ ပြည်ပမှ ပြန်လာသူများ ဖြစ်ကြောင်းနှင့် ယမန်နေ့ကအထိ ပြည်တွင်း ကူးစက်မှုများ ထပ်မံတွေ့ရှိခြင်း မရှိကြောင်း မြို့တော်ကျန်းမာရေး အဖွဲ့က ယနေ့တွင် ပြောကြားခဲ့သည်။

 

 

ကူးစက်ခံရသူများအနက် တစ်ဦးမှာ ရုရှားနိုင်ငံသားဖြစ်ပြီး အခြားသုံးဦးမှာ ဗြိတိန်၊ အမေရိကန်ပြည်ထောင်စုနှင့် အိန္ဒိယနိုင်ငံတို့တွင် ပညာသင်ကြား၊ အလုပ်လုပ်ကိုင်နေသော တရုတ်နိုင်ငံသားများ ဖြစ်သည်။

 

 

ဆေးကုသမှုခံယူရန် သတ်မှတ်ထားသော ဆေးရုံသို့ ၎င်းတို့ကို ပို့ဆောင်ပေးခဲ့ပြီး အနီးကပ် ထိတွေ့မှုရှိသူ ၉၈ ဦးကို သီးသန့် ကန့်သတ်ထားရာ နေရာတွင် ထားရှိသည်။

 

 

ရှန်ဟိုင်းမြို့တွင် ယမန်နေ့ကအထိ ပြည်တွင်း ကူးစက်မှုရှိသူ ၃၄၂ ဦးနှင့် ပြည်ပပြန်ကူးစက်မှုရှိသူ ၅၆၆ ဦး ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို