ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်မောင်းအိပ်ငိုက်ပြီး တိမ်းမှောက်သဖြင့် ၃ ဦးဒဏ်ရာရ

နေပြည်တော် ၇ ဧပြီ

 

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၈၀/၄-၅) ကြား၌ ဧပြီ ၆ ရက် နံနက် ၄ နာရီ ၄၅ မိနစ်က ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ တံခွန်တိုင်မြို့နယ်၊ (၅၇)လမ်းနေ လူမွန်ကျော် (၂၇)နှစ် မောင်းနှင်ပြီး တစ်မြို့တည်းနေ ကိုမောင်အေး (၂၂)နှစ်နှင့် ပြည်ကြီး တံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်နေ ကိုပြည့်ဖြိုးဇော် (၂၄)နှစ်တို့ လိုက်ပါလာသော MDY 7Q/xxxx HYUNDAI PORTER II ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်၍ အရှိန်မထိန်းနိုင်ဘဲ ဆင်စွယ်မြောင်တံတား လက်ရန်းတန်းအား ဝင်ရောက်တိုက်မိခဲ့ရာ လူမွန်ကျော်ပါ (၃)ဦးမှာ ဒဏ်ရာများရရှိခဲ့သဖြင့် လူမွန်ကျော်အား မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား