ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်မတော်တဆမှုဖြစ်ပွားပြီး သုံးဦးဒဏ်ရာရ

နေပြည်တော် ၂၇ ဒီဇင်ဘာ

 

ယနေ့နံနက် ၅ နာရီ မိနစ် ၄၀ ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၅၄/၆ - ၂၅၄/၇ ကြားတွင် ယာဉ်မောင်းကိုဒေးဗစ်ကျော် (၄၀)နှစ်၊ တာမွေမြို့မောင်းနှင်လာသည့် 7C/---- Cedric အနက်ရောင် ယာဉ်သည် လမ်းဘေးတွင်ကာရန်ထားသော ခြံစည်းရိုးတိုင်အား တိုက်မိပြီးနောက် ကုက္ကိုပင်အား ဆက်တိုက်ကာ ရပ်တန့်ခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး ထုတ်ပြန်ချက်အရ သိရှိရသည်။

 

58

 

ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်းအပါအဝင် မအေးသီတာ (၃၇)နှစ်၊ တာမွေမြို့နေသူနှင့် ဖိုးလပြည့် (၁၈)နှစ်(လိပ်စာတူ) (၃)ဦးစလုံး ဒဏ်ရာရရှိသဖြင့် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ဘုရားတောင် စခန်းမှ တပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြုအဖွဲ့များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

MDN