ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၉၁/၁)တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား ၃ ဦးဒဏ်ရာရ

နေပြည်တော် ၂၀ ဒီဇင်ဘာ

 

ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၉၁/၁)တွင် ယနေ့ ညနေ ၃ နာရီခွဲခန့်က ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ ကျား(၁)ဦး၊ မ(၂)ဦး၊ စုစုပေါင်း (၃)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

mdn

 

အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာသို့ ပလွေးအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပလွေး အမြန်လမ်း ရဲတပ်ဖွဲ့ဝင်များနှင့် ပလွေးကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ကယ်ဆယ်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်ပေးခဲ့ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသူများအား ပလွေးကြက်ခြေနီ လူနာတင်ယာဉ်ဖြင့် နေပြည်တော် ကုတင် (၁၀ဝ၀)ဆံ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

MDN

ဓာတ်ပုံ-မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

 

mdn