ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြည်တွင်းလေကြောင်းလိုင်း (၅) လိုင်းမှ ပြည်တွင်းခရီးစဉ်များ ပုံမှန်အတိုင်း ပျံသန်းပြေးဆွဲလျက်ရှိ

ရန်ကုန် ၂၅ ဇွန်

 

ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်ရန် ညွှန်ကြားချက်များနှင့်အညီ သင်္ကြန်ရုံးပိတ်ရက် ကာလများမှစတင်ကာ ဧပြီလ ၃၀ ရက်အထိ ခရီးသည်တင်လေကြောင်းခရီးစဉ် ပျံသန်းမှုများ ရပ်ဆိုင်းခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ ပြည်တွင်းလေကြောင်းလိုင်း (၅)လိုင်းဖြစ်သော
မြန်မာအမျိုးသားလေကြောင်း (MNA)၊ Golden Myanmar Airline၊ Air KBZ ၊ Air Thanlwin နှင့် မန်းရတနာပုံလေကြောင်းတို့မှ ပြည်တွင်းခရီးစဉ်များကို နေ့စဉ် ပုံမှန်အတိုင်း ပျံသန်းပြေးဆွဲလျက်ရှိနေပြီ ဖြစ်ကြောင်း သိရှိရပါသည်။


#MRTV