ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်၌ ဒို့အိမ်၏ ၁၁ ခုမြောက် နောက်ဖေးလမ်းကြားဥယျာဉ်ဖွင့်လှစ်

ရန်ကုန်   မတ်

 

ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် အမှတ် ရပ်ကွက်၊ (၃၁)လမ်းနှင့် (၃၂) လမ်းကြား(အောက်ဘလောက်) အမျိးသားစာကြည့်တိုက်၏ အနောက်ဘက်တွင် ဒို့အိမ် လူမှုအကျိုးပြုလုပ်ငန်း၏ ၁၁ ခုမြောက် နောက်ဖေးလမ်း ကြားဥယျာဉ်ဖွင့်လှစ် ခြင်းအခမ်းအနားကို ယနေ့ ညနေ နာရီက ၃၂ လမ်း(အောက်ဘလောက်) ကျင်းပခဲ့သည်။

 

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဉီးဖြိုးမင်းသိန်းတက်ရောက်၍ အမှာစကား ပြောကြားခဲ့သည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဉီးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဉီးလင်းနိုင်မြင့်၊ ရန်ကုန်မြို့တော်ဝန် ဉီးမောင်မောင်စိုးနှင့် တာဝန်ရှိသူများက  နောက်ဖေးလမ်းကြားဥယျာဉ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။

 

အားလုံးအတူတကွ ပူးပေါင်းပါဝင်သော လူမှုဝန်းကျင်ဟူသည့် ခေါင်းစဉ်အောက်တွင် ပုံဖော်ဖန်တီးထားသည့် အဆိုပါနောက်ဖေးလမ်းကြား ဥယျာဉ်သည် ဒို့အိမ်လူမှုအကျိုးပြုလုပ်ငန်းရှိ ရန်ကုန်မြို့တွင် ဖော်ဆောင်လျက်ရှိသော နောက်ဖေးလမ်းကြားဥယျာဉ်များအနက်မှ ၁၁ ခုမြောက် နောက်ဖေးလမ်းကြားဥယျာဉ်ဖြစ်သည်။

 

ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ပူးပေါင်းပါဝင်မှု၊ ကမ္ဘောဇဘဏ်၏ ပံ့ပိုးကူညီမှု၊ ဒို့အိမ်အဖွဲ့နှင့် ရပ်ကွက် နေပြည်သူများ အတူတကွ ဒီဇိုင်းရေးဆွဲဆောင်ရွက်မှုကြောင့် ရန်ကုန်မြို့နောက်ဖေးလမ်းကြားတစ်ခုကို ပြန်လည် ပြုပြင်ကာ နောက်ဖေးလမ်းကြားဥယျာဉ်တစ်ခုအဖြစ် ဖန်တီးနိုင်ခဲ့ခြင်းဖြစ်သည်။

 

မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ အမှတ် ရပ်ကွက် အဖွဲ့ခေါင်းဆောင် ဉီးဝင်းစိန် က နောက်ဖေးလမ်းကြားဥယျာဉ် ရေရှည်ထိန်းသိမ်းမှုနှင့်ပတ်သက်ပြီးကျွန်တော်တို့ ရပ်ကွက်နေသူတွေကို နားလည်မှုရှိအောင် ပညာပေးရမယ့် သဘောတော့ရှိတယ်။ ပြီးတော့ ကော်မတီအဖွဲ့ဝင်တွေကလည်း ပြီးသွားပြီဆိုလို့ မရဘူး။ ကျွန်တော်တို့က ဆက်ပြီးလုပ်ရဉီးမှာပါ။ ဒီဥစ္စာကို ရေရှည်ထိန်းသိမ်းဖို့အတွက်က ကျွန်တော်တို့အဖွဲ့တွေကော ရပ်ကွက်လုပ်သားပြည်သူတွေကော အားလုံးမှာ တာဝန်ရှိပါတယ်ဟု ပြောကြားသည်။

 

နောက်ဖေးလမ်းကြား ဥယျာဉ်၏ နံရံဆေးရေးပန်းချီကို မြန်မာနိုင်ငံပန်းချီ၊ ပန်းပုအသင်းမှ ပန်းဘဲတန်းမြို့နယ်နေ ပန်းချီ ပန်းပု ပညာရှင် ၃၀ ပါဝင်သည့်အဖွဲ့က တာဝန်ယူပုံဖော်ရေးဆွဲခဲ့ကြောင်း သိရသည်။ ထို့ပြင် လူ့အခွင့်အရေးနှင့်ပတ်သက်သော ပန်းချီကားများ၊ မျက်စိပသာဒဖြစ်ရန် အနုပညာလက်ရာဒီဇိုင်း ဖန်တီးထားမှုများ၊ အလှပန်းအိုးများ၊ ကလေးများ ကစားနိုင်ရန်ပစ္စည်များကိုလည်း ထည့်သွင်းပုံဖော်ထားကြောင်း တွေ့ရသည်။

 

ရန်ကုန်မြို့၏ နောက်ဖေးလမ်းကြားများကို သန့်ရှင်းလှပအောင်ထိန်းသိမ်းပြီး မြို့နေလူထုအတွက် အပန်းဖြေအနားယူ ကစားစရာနေရာများအဖြစ် ဖန်တီးပေးရန် ရည်ရွယ်ချက်ဖြင့် ဒို့အိမ်လူမှုအကျိုးပြုအဖွဲ့မှ နောက်ဖေး လမ်းကြားဥယျာဉ်စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်) ဓာတ်ပုံ - ထိန်လင်း