ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်မှ နိုင်ငံခြားဘာသာစကား အခြေခံသင်တန်းများကို အွန်လိုင်းစနစ်ဖြင့် ဖွင့်လှစ်ပို့ချမည်

ရန်ကုန် ၊ ၃၀ ဇန်နဝါရီ 

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုဌာန ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ အွန်လိုင်းစနစ်ဖြင့် နိုင်ငံခြားဘာသာစကား အခြေခံ Level - 1 သင်တန်းများဖြစ်သည့် တရုတ် ၊ အဂ်လိပ် ၊
ပြင်သစ် ၊ ဂျာမန် ၊ အီတာလျံ ၊ ဂျပန် ၊ ကိုးရီးယား ၊ ရုရှား ၊ စပိန် ၊ ထိုင်းနှင့်မြန်မာဘာသာ ( နိုင်ငံခြားသားများအတွက် ) ဖွင့်လှစ်သွားမည်ဖြစ်သည်။

သင်တန်းဝင်ခွင့် မှတ်ပုံတင်ခြင်းနှင့် သင်တန်းကြေးပေးသွင်းခြင်းများကို www.yufl.edu.mm မှတစ်ဆင့် အွန်လိုင်းစနစ်ဖြင့် လက်ခံဆောင်ရွက်မည်ဖြစ်ပြီး  ဝင်ခွင့်လျှောက်လွှာတင်သွင်းရာတွင် မိမိသင်ယူလိုသည့် ဘာသာစကားကို တိကျသေချာစွာ ရွေးချယ်ရမည်ဖြစ်သည်။

သင်တန်းကြေးကို ငွေကျပ်ခြောက်သောင်း သတ်မှတ်ထားပြီး မြန်မာဘာသာ သင်ကြားမည့် နိုင်ငံခြားသားများသည် အမေရိကန်ဒေါ်လာ ၂၀၀ နှင့်ညီမျှသည့် မြန်မာကျပ်ငွေ ( ပေါက်ဈေးအတိုင်း ) ပေးသွင်းရမည် ဖြစ်သည်။

သင်တန်းကြေးများကို KBZ Pay , AYA Pay တို့ဖြင့် ပေးသွင်းရမည် သင်တန်းကြေးပေးသွင်းပြီးကြောင်း အီးမေးလ်လက်ခံရရှိမှသာ သင်တန်းတက်ရောက်နိုင်မည်ဖြစ်သည်။

သင်တန်းဝင်ခွင့် လျှောက်လွှာဖြည့်သွင်းရာတွင် အခြေခံပညာအထက်တန်း သင်ယူပြီးမြောက်ကြောင်း လက်မှတ် သို့မဟုတ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ် မူရင်း
သို့မဟုတ် အမှတ်စာရင်းမူရင်း သို့မဟုတ် ဘွဲ့လက်မှတ်မူရင်းနှင့် ဓါတ်ပုံတို့ကို တစ်ပါတည်း ပူးတွဲတင်ပြရမည် ဖြစ်သည်။

သင်တန်းအတွက် အွန်လိုင်းဖြင့် လျှောက်ထားရာတွင် ဖေဖေါ်ဝါရီ ၁ ရက်နေ့တွင် အင်္ဂလိပ်ဘာသာစကားသင်တန်း ၊ ဖေဖေါ်ဝါရီ ၂ ရက်နေ့တွင် တရုတ် ၊ ပြင်သစ် ၊ ဂျမန် ၊ အီတာလျံ ၊ ဂျပန် ၊ ကိုးရီးယား ၊ ရုရှား ၊ စပိန် ၊ ထိုင်းနှင့်မြန်မာဘာသာစကားတို့ကို နံနက် ၉ နာရီခွဲမှစတင်၍ နိုင်ငံခြားဘာသာတက္ကသိုလ်၏ ဝက်ဆိုဒ်တွင် စတင်လျှောက်ထားရမည်ဖြစ်ပြီး သင်တန်းသားဦးရေပြည့်ပါက မှတ်ပုံတင်ခွင့် အလိုအလျောက်ရပ်ဆိုင်းသွားမည် ဖြစ်သည်။

သင်တန်းဝင်ခွင့်ရရှိသည့် အမည်စာရင်းကို နိုင်ငံခြားဘာသာတက္ကသိုလ်ဝက်ဆိုက်တွင် ဖေဖေါ်ဝါရီ ၈ ရက်နံနက် ၁၀ နာရီတွင်ကြေညာသွားမည်ဖြစ်သည်။ 

သင်တန်းကာလမှာ ၁၀ ပတ်ကြာမြင့်မည်ဖြစ်သည် သင်တန်းလျှောက်ထားလိုသူများသည် YUFL Facebook Page နှင့်အီးမေးလ် ssc @ yufl . edu . mm ဖုန်း ( ၀၁၅၁၅၂၃၆ ) ( ၀၉၂၅၄၀၃၂၇၄၄ ) တို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

အောင်သူရ