ရန်ကုန်ပညာရေးတက္ကသိုလ်၌ သင်္ချာသင်ပြနည်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ရန်ကုန် ၂၇  သြဂုတ် 

 

ရန်ကုန်ပညာရေးတက္ကသိုလ်၌ သင်္ချာသင်ပြနည်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နေ့လယ် ၁ နာရီက အဆိုပါတက္ကသိုလ် ပင်မဆောင်စုဝေးခန်းမတွင် ကျင်းပခဲ့သည်။

 

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသည် မလေးရှားနိုင်ငံမှ သင်္ချာသင်ပြနည်းဆိုင်ရာပညာရှင် Dr. Cheah Ui Hock မြန်မာနိုင်ငံသို့ရောက်ရှိခိုက်တွင် ရန်ကုန်ပညာရေးတက္ကသိုလ်မှ ဖိတ်ခေါ်ဆွေးနွေးခြင်းဖြစ်သည်။ 

 

“တချို့ဆိုရင်သင်္ချာကိုသင်တယ်။ ဘာကြောင့် ဒသမကိုအရှေ့ရွှေ့တယ်၊ အနောက်ရွေ့တယ်ရတယ် ဆိုတာ မသိဘူး။ အပိုင်းဆိုတာ ဘာကြောင့်သင်ရမှန်း မသိဘူး။ အဲဒါမျိုးတွေကို တကယ့်ကို အဓိပ္ပါယ် ရှိရှိ နားလည်သဘောပေါက်အောင် အရင်ထဲက ပြောင်းနေတာပေါ့။ ဒါပေမယ့် မရဘူး။ ဒီက ပြန်သွား ရင် အရင်သင်နည်းဟောင်းပဲ ပြန်သုံးကြတယ်။ တစ်ကမ္ဘာလုံးမှာ သင်္ချာသင်တာကို နှစ်ခြိုက်အောင်၊ နှစ်လိုဖွယ်သင်နိုင်အောင်၊ သင်္ချာကို အဓိပ္ပါယ်ရှိရှိ သင်ယူနိုင်အောင်၊ ဒီနည်းအတိုင်းပဲ သိပ္ပံဆိုလည်း သိပ္ပံနဲ့ပတ်သက်တဲ့အသိတွေ၊ အလေ့အကျင့်တွေ ရဖို့လိုအပ်တဲ့အတွက် ဒါတွေကိုလာပြီး ဆွေးနွေးပေးတာပါ” ဟု ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးအေးမြင့်က ပြောကြားသည်။ 

 

ဆေးနွေးပွဲသို့ ရန်ကင်းပညာရေးကောလိပ်၊ သင်္ကန်းကျွန်းပညာရေးကောလိပ်၊ မူလတန်းသင်ရိုးညွှန်း တမ်းရေးဆွဲရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ရန်ကုန်ပညာရေးတက္ကသိုလ် သင်ကြားရေးပိုင်းကို တာဝန်ယူထား သော ဆရာဆရာမများ၊ ပညာရေးပါရဂူဘွဲ့ရများ၊ မဟာဘွဲ့သင်တန်းသားများ၊ သက်ဆိုင်ရာ ဘာသာ ရပ်ကို သင်ကြားနေသူများနှင့် စစ်ကိုင်းပညာရေးကောလိပ်မှ ဆရာဆရာမများက သြဂုတ်လ ၂၇ နှင့် ၂၈ ရက်နေ့များတွင်  ဆွေးနွေးမည်ဖြစ်သည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း