ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်မှ ခြောက်ဘာသာဂုဏ်ထူးရှင် (၂၅) ဦးထွက် ပေါ်

ရန်ကုန်  ၂ ဇွန်     

 

ယနေ့ဇွန်လ (၂) ရက်နေ့တွင် မြန်မာပြည်တစ်ဝန်းမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီး ဖြေဆိုထားသော ကျောင်းသား ကျောင်းသူများ မျှော်လင့်နေသည့် အောင်စာရင်း ထွက်သောနေ့ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၄)ခုမှ မြောက်ပိုင်း ခရိုင်(၈)မြို့နယ်မှ(၆)ဘာသာဂုဏ်ထူးရှင်(၂၅)ဦး ထွက်ပေါ်ခဲ့ပြီး ယမန်နှစ်ထက် ဘာသာစုံဂုဏ်ထူးရှင်ပို၍  ပေါ်ထွန်းခဲ့ကြောင်းသိရသည်။

 

မြောက်ပိုင်းခရိုင်၊ မြို့နယ်(၈)မြို့နယ်မှ တက္ကသိုလ်ဝင်တန်းဖြေဆိုသူ(၃၈၂၇၂)ဦး တွ င် (၁၂၂၁၄) ဦးအောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း(၃၁ ဒသမ ၉၁)ရာခိုင်နှုန်း အောင်မြင်ခဲ့၍ ကျောင်းသူ(၂၀၇၈၁)ဦး နှင့်ကျောင်းသား(၁၇၄၉၁) ဦးတို့ဖြေဆိုခဲ့ကြောင်းသိရသည်။

 

အဆိုပါ(၈)မြို့နယ်မှ (၆) ဘာသာဂုဏ်ထူးရှင် ထွက်ပေါ်သောမြို့နယ်တို့မှာ လှိုင်သာယာ၊ လှည်းကူးမှ ဘာသာစုံ ဂုဏ်ထူးရှင်(၁)ဦး၊ ရွှေပြည်သာမှ(၃)ဦး၊ မင်္ဂလာဒုံမှ(၇)ဦးနှင့် အင်းစိန်မြို့နယ်မှ(၁၃)ဦး တို့ဖြစ်ပြီး မင်္ဂလာဒုံမြို့နယ်မှ (၅) ဘာသာဂုဏ်ထူးရှင် (၂၈)ဦး၊ အင်းစိန်မြို့နယ်မှ (၂၇)ဦး၊ မှော်ဘီမြို့နယ်မှ (၁၂)ဦး၊ ရွှေပြည်သာမှ (၁၁)ဦး၊ လှည်းကူးမှ(၇)ဦး၊ လှိုင်သာယာမှ (၆) ဦးနှင့် တိုက်ကြီးမှ(၅)ဦးတို့ဖြင့်အသီးသီးရရှိကြပြီး မြို့နယ်(၈)မြို့နယ်တွင် (၄)ဘာသာဂုဏ်ထူးရှင် (၁၈၆) ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၂၈၂)ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၅၇၉) ဦး နှင့် တစ်ဘာသာ ဂုဏ်ထူးရှင် (၂၃၉၃) ဦး တို့ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

 

သန်းထိုက်(လှိုင်သာယာ)