ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အချို့တွင် ရေအားလျော့နည်းခြင်း၊ ခေတ္တရေပြတ်တောက်ခြင်းများ ဖြစ်ပေါ်မည်

ရန်ကုန်၊ ၁၇ ဇန်နဝါရီ

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ရေပေးဝေလျက်ရှိသည့် ငမိုးရိပ်ရေသန့်စင်စက်ရုံ (ညောင်နှစ်ပင်) နှင့် လဂွန်းပြင်ရေသန့်စင်စက်ရုံတို့မှ ရေတွန်းစက်ကြီးများသို့ ဓာတ်အားပို့လွှတ်နေသော လှော်ကားပင်မဓာတ်အားခွဲရုံရှိ 33 KV လှော်ကား - အထယု ဓါတ်အားလိုင်း၏ ပထမ ၃ လပတ် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဇန်နဝါရီ ၁၉ ရက် (အင်္ဂါနေ့) နံနက် ၉ နာရီမှ ၁၂ နာရီအထိ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ဓာတ်အားပိတ် ဆောင်ရွက်မည် ဖြစ်သည်။

 

ထိုသို့ဆောင်ရွက်စဥ် အဆိုပါရေတွန်းစက်ကြီးများမှ ရေပေးဝေလျက်ရှိသည့် မင်္ဂလာဒုံ၊ အင်းစိန်၊ ရွှေပြည်သာ၊ မြေက်ဥက္ကလာပ၊ ရွှေပေါက်ကံ၊ မရမ်းကုန်း၊ ဗဟန်း၊ ရန်ကင်း၊ တောင်ဥက္ကလာပ၊ ကမာရွတ်၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်း၊ ဆိကမ်း) မြို့နယ်များ၊ တာမွေ (မေတ္တာညွန့်ရပ်ကွက်)၊ သာကေတ၊ ဒေါပုံမြို့နယ်များတွင် ရေအားလျော့နည်းခြင်းနှင့် ခေတ္တရေပြတ်တောက်ခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ရေကြိုတင်စုဆောင်းနိုင်ကြရန် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

 

အောင်သူရ