ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီကိုယ်စားလှယ်အဖွဲ့ ဥက္ကဋ္ဌ တို့ Virtual Meeting ဖြင့် တွေ့ဆုံဆွေးနွေး

သြဂုတ် ၄ ရက်

 

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌ Mr.Alexander C. Feldman ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ယနေ့ နံနက် ၁၀ နာရီ၌ Virtual Meeting ဖြင့် တွေ့ဆုံရာ ဝန်ကြီးချုပ်က ဝန်ကြီးချုပ်နေအိမ်မှ တွေ့ဆုံဆွေးနွေးသည်။

 

ဆွေးနွေးပွဲတွင် ကိုဗစ်-၁၉ အလွန် စီးပွားရေး ပြန်လည်ထူထောင်ရေး၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေး၊ လျှပ်စစ်စွမ်းအင်နှင့် ဆက်သွယ်ရေးကိစ္စရပ်များ၊ လူငယ်များ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးများ၊ ပြည်တွင်းပြည်ပ ခရီးသွားကဏ္ဍ ဆောင်ရွက်မှုအခြေအနေနှင့် စက်ရုံအလုပ်ရုံများ ပုံမှန်လည်ပတ်မှုအခြေအနေများ၊ ပြည်ပမှ လာရောက်ရင်းနှီးမြုပ်နှံမှု အခြေအနေများနှင့် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုများတွင် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီမှ ထောက်ပံ့ကူညီ ဆောင်ရွက်ပေးမည့် အစီအစဉ်များအား ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံဆွေးနွေးပွဲသို့ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ ဒုတိယဥက္ကဋ္ဌနှင့် ဒေသတွင်း ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ Mr.Michael Michalak ၊ မြန်မာကော်မတီ၏ ဥက္ကဋ္ဌ ကုမ္ပဏီဖြစ်သော Chevron ရေနံကုမ္ပဏီတို့မှ ဦးဆောင်သည့် အကြီးတန်းမစ်ရှင်အဖွဲ့မှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ဆန်းကျော်ဦး (ပြန်/ဆက်)