ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများသို့ တိုက်တွန်းအကြံပြုချက်များ

၁။ ရန်ကုန်မြို့တွင် Quarantine ဝင်နေသူ လူဦးရေ ၆၀၀၀ ခန့် ရှိပါသည်။ ရခိုင်ပြည်နယ်မှ ပြန်လာသည့်လူဦးရေ ၁၀၀၀ ကို နှစ်ရက်အတွင်း နေရာထိုင်ခင်း ဖန်တီးပေးထားပါသည်။ ယခု Contact များလာသည့်အတွက် လူဦးရေ ၁ဝဝဝ ခန့်အတွက် Quarantine Center ၇ ခု အသစ်ဖွင့်လှစ်ပြီး ဆောင်ရွက်ပေးထားပါသည်။ Quarantine Center ဝင်ရောက်သူများအား ရန်ကုန်မြို့ရှိ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများအနေဖြင့် ကူညီရန် လာရောက်ဆက်သွယ်ပေးစေလိုပါသည်။

၂။ ရန်ကုန်မြို့သူ၊ မြို့သားများအနေဖြင့် Contact Tracing ကို ရှာသည့်အခါတွင် ရောဂါပိုးရှိသူနှင့် ထိတွေ့ခဲ့သူ ရပ်ကွက်၌ ရှိနေပြီဆိုပါက စိုးရိမ်ထိတ်လန့်မှုမရှိစေဘဲ Quarantine Center များသို့ မြန်မြန်ဆန်ဆန် ပို့ဆောင်ပေးရန် လိုအပ်ပါသည်။

၃။ Quarantine Center များသို့ ရောက်ရှိသွားပါက သတ်မှတ်ထားသည့် စည်းကမ်းချက်များအား လိုက်နာနေထိုင်ကြစေရန်နှင့် Quarantine ဝင်ရောက်နေကြသူများအား စားသောက်ဖွယ်ရာများ ပို့ဆောင်ရာတွင် အရက်သေစာနှင့် ဆေးလိပ်တို့ကို ထည့်သွင်းပို့ဆောင်ခြင်း မပြုလုပ်ကြရန် မေတ္တာရပ်ခံလိုပါသည်။

၄။ ရန်ကုန်မြို့သူ မြို့သားများအနေဖြင့် အခက်အခဲများ၊ စိန်ခေါ်မှုများ၊ ဝန်ထုပ်ဝန်ပိုးများလည်း များပြားပါသည်။ သို့ဖြစ်၍ Stay Home သတ်မှတ်ကာလ ၂ ပတ်၊ ၃ ပတ်ခန့် အချိန်အတွင်း မိမိတို့နေအိမ်တွင် နေထိုင်ခြင်းဖြင့် စည်းကမ်းများကို တိတိကျကျလိုက်နာကြရန်၊ မဖြစ်မနေပြင်ပသို့ သွားရောက်ရပါက Mask များ၊ မဖြစ်မနေ တပ်ကြရန်၊ ရန်ကုန်မြို့သည် လူဦးရေများပြားသည့်အတွက် ယခုလို ကူးစက်ပြန့်ပွားမှု မြင့်တက်လာချိန်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများအား အထူးဂရုပြု လိုက်နာကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။