ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် သတင်းမီဒီယာဆင့်ပွားသင်တန်း ဖွင့်လှစ်

ရန်ကုန် ၉ ဇွန် 

ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် ၊ သတင်းမီဒီယာဆင့်ပွားသင်တန်း အမှတ်စဉ် (၅) ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၉ ရက် နံနက် ၉ နာရီ နာရီအချိန်တွင် တရားလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးဝင်းဆွေက တရားစီရင်ရေး မဟာဗျူဟာစီမံကိန်းနှင့် ရည်မှန်းချက်များကို သိရှိနားလည်ပြီး တရားရုံးနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များကိုပြည်သူများသို့ ဖြန့်ဝေရာတွင် ထိရောက်စွာဆောင်ရွက်နိုင်ရန်၊လက်တွေ့နယ်ပယ်တွင်လည်း အများပြည်သူသို့ တရားရုံးမှ တိကျမှန်ကန်သောသတင်းအချက်အလက်များ ထုတ်ပြန်နိုင်ရေးနှင့် တရားစီရင်ရေးကဏ္ဍနှင့် သတင်းမီဒီယာဆက်ဆံရေးတိုးတက်လာစေရေးအတွက် ထိထိရောက်ရောက်ဆောင်ရွက်ကြရန် သင်တန်းသား၊သင်တန်းသူများအား မှာကြားသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး၊ ရုံးအဖွဲ့များ၊တိုင်းဒေသကြီးအတွင်းရှိ ခရိုင်တရားသူကြီးများ၊ တရားရေးအရာရှိများနှင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၅၀) ဦး တက်ရောက်ကြကြောင်း သိရသည်။

ရွှေအင်းသား