ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်ဦးလှအေး သင်္ဃန်းကျွန်းမြို့နယ် တရားရုံးနှင့် သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းတို့အား စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်ဦးလှအေးသည် ရုံးအဖွဲ့မှူး ဒေါ်နွဲ့နွဲ့ဦး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တွဲဖက်ခရိုင်တရားသူကြီး ဒေါ်နုနုခင်တို့နှင့်အတူ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးသစ် ဆောက်လုပ်သည့်မြေနေရာ၊ သင်္ဃန်းကျွန်းမြို့မရဲတပ်ဖွဲ့စခန်း၊ သုဝဏ္ဏနယ်မြေရဲစခန်းနှင့် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်မှ လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

တင်ကြည်(သင်္ဃန်းကျွန်း)