ရပ်ထားသော သုံးဘီးယာဉ်ကို ဆိုင်ကယ်ဖြင့် တိုက်မိရာမှ တစ်ဦးသေဆုံး

ထီးချိုင့်   ၂၆   ဧပြီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာတွင် ယာဉ်တိုက်မှု ဖြစ်ပွားရာ တစ်ဦးသေဆုံးသွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ယမန်နေ့ နေ့လယ်ပိုင်းက မောင်းကုန်းနယ်မြေရဲကင်းစခန်းမှူး ဒုရဲအုပ်ချမ်းမြေ့ကျော် ဦးစီးသောအဖွဲ့သည် သက်သေများနှင့်အတူ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ အခင်းဖြစ်နေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ မောင်းကုန်းကျေးရွာ အလယ်တွင် ကုန်များတင်ဆောင်၍ ရပ်ထားသော ယာဉ်မောင်း ဇော်ဦး၏ သုံးဘီးယာဉ်အား မောင်ငြိမ်းချမ်းကို မောင်းနှင်ပြီး မြတ်မင်းသူအောင် နောက်မှလိုက်ပါလာသော ဆိုင်ကယ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိရာ မောင်းငြိမ်းချမ်းကိုမှာ ရရှိသောဒဏ်ရာဖြင့် ထီးချိုင့်မြို့ဆေးရုံသို့ ပို့အပ်စဉ် သေဆုံးသွားသဖြင့် ယာဉ်အားပေါ့ဆစွာ မောင်းနှင်သူ ငြိမ်းချမ်းကိုနှင့် ဇော်ဦး တို့အား ထီးချိုင့်မြို့မရဲစခန်းမှ ယာဉ်စည်းကမ်း ဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

လူအောင်(ကသာ)