ရပ်တန့်ထားသည့်ယာဉ်အား နောက်မှဝင်တိုက်သည့် ဆိုင်ကယ်မောင်းနှင်သူ သေဆုံး

မိုးကောင်း ၂၉  ဩဂုတ် 

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မြစ်ကြီးနား-တနိုင်း ကားလမ်း၌ ဩဂုတ် ၂၈ ရက် ညပိုင်းက နောက်ဘီးပေါက်၍ရပ်တန့်ထားသည့် မော်တော်ယာဉ်အား နောက်မှဝင်တိုက်သည့် ဆိုင်ကယ်မောင်းနှင်သူ သေဆုံးခဲ့ကြောင်း  နမ္မတီးနယ်မြေရဲစခန်းမှ သိရသည်။

 ဖြစ်စဉ်မှာ ဩဂုတ် ၂၈ ရက် ည ၈ နာရီက မိုးကောင်းမြို့နယ်၊ မြစ်ကြီးနား-တနိုင်း ကားလမ်းရှိ စီးဒင်ယံကျေးရွာအနီး ကီလိုမီတာ ၃ နှင့် ၄ ကြားတွင် ရှေ့ဘီးပေါက်၍ လမ်း၏ယာဘက်၌ ရပ်တန့်ထားသည့် NISSAN DIESEL ၁၀ ဘီးယာဉ်အား အသက် ၂၂ နှစ်ခန့်ရှိ အမည်နှင့်နေရပ်လိပ်စာစုံစမ်းဆဲ မောင်းနှင်ပြီး မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၊ မြို့လှရပ်ကွက်နေ ဦးအင်ဗွေယော်ထုံ(၃၈ နှစ်) နောက်ထိုင်စီးနင်းလိုက်ပါလာသည့် KENBO-125 မော်တော်ဆိုင်ကယ်မှ နောက်ဘက်မှဝင်ရောက်တိုက်မိခဲ့သဖြင့် အမည်မသိ ဆိုင်ကယ်မောင်းနှင်သူမှာ အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးခဲ့သည်။ 

ဖြစ်စဉ်ကြောင့် ဦးအင်ဗွေယော်ထုံမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နမ္မတီးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူကာ သေဆုံးသူနှင့်ပတ်သက်၍ နမ္မတီးနယ်မြေရဲစခန်းတွင် သေမှုသေခင်းရေးဖွင့်ထားကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)