ရသစုံလင် စာဥယျာဉ် ကလေးစာကြည့်တိုက်အစီအစဉ်နှင့် အမှတ်တရဈေးရောင်းပွဲတော် ကျင်းပ

နေပြည်တော်  ၁၇  ဒီဇင်ဘာ       

သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက် (နေပြည်တော်တွင်) ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ " ရသစုံလင်စာဥယျာဉ် ကလေးစာကြည့်တိုက်အစီစဉ်နှင့် အမှတ်တရဈေးရောင်းပွဲတော် " ကို နံနက်  ၁၀ နာရီမှစတင်၍ ကျင်းပမည်ဖြစ်သည်။

အဆိုပါပွဲတော်တွင် ကာတွန်းပညာရှင်များက အမှတ်တရကာတွန်းရေးဆွဲပေးခြင်း၊ အမျိုးသားစာကြည့်တိုက်(နေပြည်တော်)မှ စာကြည့်တိုက်မှူးများက စာဖတ်ပြခြင်း၊ ရောင်စုံစက္ကူများဖြင့်ဖန်တီးခြင်း၊ ဂျုံရုပ်ပညာရှင်များ၏ လက်မှုပညာဖန်တီးခြင်း၊ ပျော်ရွှင်ဖွယ်ရာ ပဟေဠိများအစီစဉ်၊ ကလေးစာကြည့်တိုက်လှုပ်ရှားမှုအစီစဉ်များ၊ အမှတ်တရဓာတ်ပုံရိုက်ကူးရန် နေရာများအပြင် စာအုပ်ဆိုင်များ၊ အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ၊ အစားသောက်ဆိုင်များ ခင်းကျင်းပြသ ရောင်းချသွားမည် ဖြစ်သည်။

ထို့ပြင် အထူးအစီအစဉ်အနေဖြင့် အနုပညာဦးစီးဌာနမှ ပညာရှင်များက မြန်မာ့ရုပ်သေးပွဲကို နေ့စဉ်နံနက်  ၁၁ နာရီနှင့် မွန်းလွဲ နာရီတို့တွင် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး စိတ်ဝင်စားသူများအနေဖြင့် လာရောက်လည်ပတ် ကြည့်ရှု့နိုင်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီဌာန မှ သိရသည်။

ကျော်ဟိန်း(သတင်းစဉ်)