ရသေ့တောင်မြို့နယ် ခြေရာတော်ကျေးရွာအနီး၌ AA အဖွဲ့၏ လေ့ကျင့်ရေးစခန်းတစ်ခု သိမ်းဆည်းရမိ

နေပြည်တော် ၅   သြဂုတ် 


ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သြဂုတ် (၂)ရက်နှင့် (၃) ရက်တို့တွင် ခြေရာတော်ကျေးရွာ အနီး၌ AA အဖွဲ့၏ လေ့ကျင့်ရေးစခန်း နေရာ တစ်ခုနှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သြဂုတ် ၂ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ခြေရာတော် ကျေးရွာ၏ အနောက်ဘက် မီတာ ၂၀ဝ၀ ခန့်အကွာ၌ AA အဖွဲ့၏ လေ့ကျင့်ရေးစခန်းတစ်ခုအား ပစ်ကျင်း ၆ ကျင်း၊ လူနေတဲ ၃ လုံး၊ ယူနီဖောင်း ၂ စုံ၊ အရပ်ဝတ် ၃၃ ထည်၊ မိုးကာမြေခင်းစ ၁၄ ထည်၊   ဂေါ်ပြား၊ တူးရွင်း၊ ဓား ၈ ချောင်း၊ လက်ကိုင်ဖုန်း ၁ လုံး၊ တန်းစီကွင်း ၁ ကွင်းတို့နှင့် အတူ သိမ်းဆည်းရမိခဲ့သည်။


ဆက်လက်၍ အဆိုပါဝန်းကျင်တစ်ဝိုက်အား နယ်မြေ စိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်စဉ် သြဂုတ် ၃ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၅၀ ခန့်တွင် ခြေရာတော် ကျေးရွာ၏ အနောက်ဘက် မီတာ ၁၅၀ဝ ခန့်အကွာ၌ AA အဖွဲ့မှ ဝှက်ထားသော လေ့ကျင့်ရန် ပြုလုပ်ထားသည့် သစ်သား သေနတ် အလက် ၅၀ဝ ၊ ဒီတိုနေတာ ၆ ခု၊ ပွိုင့်၅ ကျည်ခွံပုံး ၃ ပုံး၊ တဲမျိုးစုံ ၁၃ လုံး၊ ပေါက်ပြား၊ ဂေါ်ပြားအလက် ၆၀ ၊ သံတူးရွင်း ၄၀ ၊ ဓားအချောင်း ၅၀ ၊ ဖုန်း ၁ လုံး၊  ဆန်နှင့် စားသောက်ဖွယ်ရာများ၊ ဆေးမျိုးစုံ ၃ အိတ်၊ အခြားအသုံးအဆောင် ပစ္စည်းမျိုး စုံတို့အား ထပ်မံသိမ်းဆည်းရမိ ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။


(သတင်းစဉ်)