ရှုံးထွက်အဆင့်တက်ရောက်ရန် ဘိုင်ယန်မြူးနစ်ကို ရေကုန်ရေခန်းယှဉ်ပြိုင်ရမယ့် ဘာစီလိုနာ

ဒီဇင်ဘာ ၅

အမှတ်ပေးဇယားရပ်တည်မှုအရ ရှုံးထွက်အဆင့် တက်ရောက်ဖို့ ဘာစီလိုနာအသင်းအနေနဲ့ ယခုပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို မဖြစ်မနေ အနိုင်ရရှိဖို့ လိုအပ်နေပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကို ဘာစီလိုနာအသင်း ရှုံးနိမ့်ပြီး ဘင်ဖီကာအသင်းက ဒိုင်နမိုကိဗ်ကိုအသင်းကို အနိုင်ရရှိခဲ့ပါက ဘင်ဖီကာအသင်း နောက်တစ်ဆင့်တက်ရောက်မှာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဘာစီလိုနာ အသင်းတို့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ သုံးကြိမ်မှာ ဘိုင်ယန်မြူးနစ်အသင်းက ဂိုးပြတ် အနိုင်ရရှိထားပါတယ်။ ယခုနှစ်ရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းက လီဝမ်ဒေါစကီး ခြေစွမ်းပြမှုနှင့်အတူ အသင်းလိုက်စွမ်းဆောင်ရည်ထက်မြက်နေပြီး ဘာစီလိုနာအသင်းက ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။

ဒါကြောင့် ယခုပွဲစဉ်မှာ ဘာစီလိုနာအသင်းအနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းကို အနိုင်ယူပြီး နောက်တစ်ဆင့် တက်ရောက်သွားမလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အောင်ဇော်