ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း လွှတ်တော်တွင် တင်သွင်း

နေပြည်တော် ၂၆ ဇန်နဝါရီ

 

ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ယနေ့ ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး သတ္တမနေ့မှာ ပြန်ကြားရေး ဝန်ကြီးဌာနမှ တင်သွင်းသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

 

အဆိုပါ “ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” နှင့် စပ်လျဉ်းပြီးတော့ ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာ ဖတ်ကြား ရှင်းလင်းမှာ ဖြစ်ပါတယ်။

 

ပြန်ကြားရေး ဝန်ကြီးဌာနက တင်သွင်းသည့် “ရုပ်မြင်သံကြားနှင့် ဗွီဒီယို ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” နှင့်စပ်လျဉ်းပြီး ပြင်ဆင်ချက် အဆိုတင်သွင်းလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း သိရပါတယ်။

 

မျိုးထက်ဦး(MDN)