ရုပ်ရှင်ဇာတ်ကားကောင်းကိုသာ ရွေးချယ်ရိုက်ကူးသည့်အတွက် ပရိတ်သတ်နှင့် အလှမ်းဝေးသွားမှာ မကြောက်ဘူးလို့ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် အောင်ရဲလင်းပြော

မန္တလေး ၂၉ ဇန်နဝါရီ
 
ရုပ်ရှင်ဇာတ်ကား ရိုက်ကူးတဲ့အခါမှာ ဇာတ်ကားကောင်းကိုသာ ရွေးချယ်ရိုက်ကူးသည့်အတွက် ပရိသတ်နှင့် အလှမ်းဝေးသွားမှာ မကြောက်ဘူးလို့ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် အောင်ရဲလင်းက ပြောသည်။
 
ယခုလ ၂၈ ရက် မန္တလေးမြို့၊ မြို့မရုပ်ရှင်ရုံတွင် ငယ်ကျွန်ရုပ်ရှင်ဇာတ်ကား လက်မှတ်ရေးထိုးပွဲမှာ ယခုလိုပြောခြင်းဖြစ်သည်။
ကျွန်တော်က ရုပ်ရှင်ဇာတ်ကားကို ရွေးချယ်ပြီးမှ ရိုက်တယ်။ ဗီဒီယိုကတော့ ဇာတ်လမ်းကောင်းရင် ရိုက်ဖြစ်တယ်။ ရုပ်ရှင်က တာဝန်အရမ်းကြီးတယ်။ ဒါကြောင့်ရိုက်တဲ့ကားတိုင်း တစ်ကားဆိုတစ်ကား ကောင်းစေချင်တယ်။ ပရိသတ်နဲ့ အလှမ်းဝေးမှာကို မကြောက်ဘူး ဇာတ်ကားမကောင်းမှာကို ကြောက်တယ်။ Quality ရှိတဲ့ ဇာတ်ကားတွေ အဓိကထား ရိုက်တယ်။ ကျွန်တော်က ရုပ်ရှင်ဇာတ်ကား အများကြီးမရိုက်လို့ ပရိသတ်နဲ့ ဝေးကွာသွားမှာ မကြောက်ဘူး။ အများကြီးရိုက်ပြီး ကျွန်တော့် ဇာတ်ကားတွေ မကောင်းမှာကြောက်တယ်’ဟု ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင်အောင်ရဲလင်းက ပြောသည်။

mdn


 
ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် အောင်ရဲလင်း ရိုက်ကူးထားသည့် ငယ်ကျွန်ရုပ်ရှင်ဇာတ်ကားဟာ ရုံတင်ပြသနေပြီဖြစ်ပြီး အနမ်းဝိုင် ရုပ်ရှင်ဇာတ်ကားကို ဖေဖော်ဝါရီလ ၂ ရက်တွင် ရုံတင်ပြသမည် ဖြစ်သည်။ လာမည့်မေလတွင်လည်း ရုပ်ရှင် ဇာတ်ကားကြီး တစ်ကား လက်ခံရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။
 
အိမို့မို့ခိုင်