ရုပ်ရှင်တစ်သက်တာဆု ဘဘစည်သူဗိုလ်ကလေးတင့်အောင်အား ချီးမြှင့်

ရန်ကုန် ၂၃ မတ်

 


၂၀၁၇ ခုနှစ်အတွက် ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံးမြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားတွင်  ရုပ်ရှင်တစ်သက်တာဆုကို ဘဘစည်သူဗိုလ်ကလေးတင့်အောင်က ရရှိခဲ့သည်။ 

 


အဆိုပါအခမ်းအနားကို ယနေ့ ညနေပိုင်းက ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ Myanmar Event Park တွင် ကျင်းပလျက်ရှိသည်။

 


ဘဘစည်သူဗိုလ်ကလေးတင့်အောင်သည် ၁၉၄၉ ခုနှစ်တွင် ဒဂုန်ဆရာတင်ထံမှ ပြဇာတ်ပညာသင်ကြား၍ ဗိုလ်ကလေးတင့်အောင်အမည်ဖြင့် ပြဇာတ်ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ၊ သီချင်းရေးဆရာအဖြစ် စတင်ဆောင်ရွက်ခဲ့ပြီး ပြဇာတ်ပေါင်းများစွာ သီချင်းပေါင်းများစွာကို ရေးသားဖန်တီးခဲ့သည့် အနုပညာရှင်တစ်ဦးဖြစ်ပါသည်။

 


ထို့အပြင် စာပေလောကသို့ ၁၉၅၈ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင်  ပန်းဝင်္ကပါ စာအုပ်ဖြင့် အမျိုးသားစာပေ(စာပဒေသာဆု) ချီးမြှင့်ခြင်းခံခဲ့ရသည်။ ယခုအချိန်ထိ လှည်းတန်းလမ်းကိုတင့် ဟူသော ကလောင်ခွဲဖြင့် ကဗျာများစွာကို ရေးသားလျက်ရှိကြောင်း သိရသည်။ 

 

 

MDN