ရုပ်သံဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သွားမယ့် ဘိုနာ

၂၇  မတ်

 

ကေပေါ့ပ်ကြယ်ပွင့်တစ်ဦးအဖြစ်မှသည် သရုပ်ဆောင် နယ်ပယ်ဘက်ကိုခြေချလာတဲ့ ဘိုနာဟာ လတ်တလောမှာတော့ ရုပ်သံဇာတ်လမ်းတွဲတစ်ခုမှာ ခေါင်းဆောင် မင်းသမီးအဖြစ် ပါဝင်သွားမှာဖြစ်ကြောင်း သိရပါတယ်။

 


ယခင်က ဇာတ်လမ်းတွဲအတိုလေးတွေမှာသာ ပါဝင်ခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ဇာတ်လမ်းတွဲအရှည်မှာ ပါဝင်ခဲ့ခြင်း ဖြစ်ကြောင်း အောကေပေါ့ပ်ဒေါ့ကွန်းက ဖော်ပြခဲ့ပါတယ်။ ဘိုနာရဲ့ ဇာတ်လမ်းတွဲသစ်ကတော့ “Your House Helper” လို့ အမည်ရပြီး KBS ရုပ်သံလိုင်းက ရိုက်ကူးထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ် ၂၆ ရက်မှာတော့ အဆိုပါ ရုပ်သံဇာတ်လမ်းတွဲသစ်မှာ ဘိုနာပါဝင်သွားမယ့်အကြောင်းကို အနုပညာ အသိုင်းအဝိုင်းက စတင်ထုတ်ဖော် လာခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ အေဂျင်စီကပါ အတည်ပြုပြောကြားခဲ့ပါတယ်။

 


“Your House Helper” မှာ ဘိုနာ ပါဝင်သွားမယ့် ဇာတ်ကောင်ကတော့ လင်နာယောင်း ဖြစ်ပြီး သူဟာ အောင်မြင်တဲ့ ကြော်ငြာထုတ်လုပ်သူတစ်ဦး ဖြစ်ချင်တဲ့ဆန္ဒ ပြင်းပြနေသူဖြစ်ပါတယ်။ ဘိုနာနဲ့တွဲဖက်ကာ မင်းသား ဟာဆပ်ဂျင်က ခေါင်းဆောင်ပါဝင်သွားမှာဖြစ်ပြီး လာမယ့် ဇွန်လအတွင်း စတင်ထုတ်လွှင့်သွားဖို့ရာ ရည်ရွယ်ထားကြောင်းလည်း သိရပါတယ်။

 


အေးပြည့်