ရုပ်သံဇာတ်လမ်းတွဲသစ်အတွက် ဆွေးနွေးနေတဲ့ ကင်ဆိုယွန်း

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ မင်းသမီးတစ်ဦးဖြစ်သူ ကင်ဆိုးယွန်းဟာ ရုပ်သံဇာတ်လမ်းတွဲသစ် တစ်ခုမှာ ပါဝင်ဖို့ရာ လတ်တလောမှာ ဆွေးနွေးနေကြောင်းအားကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ကင်ဆိုးယွန်ဟာ tvN ရုပ်သံလိုင်းမှ ရိုက်ကူးထုတ်လွှင့်သွားမယ့် ဇာတ်လမ်းတွဲရုပ်ရှင် Tale of the Nine-Tailed 2 မှာ ပါဝင်ဖို့ရာ လတ်တလောမှာ ဆွေးနွေးနေကြောင်း အောက်တိုဘာ ၂၇ ရက်မှာ သတင်းတွေ ပေါ်ထွက်ခဲ့ပါတယ်။ အဆိုပါဇာတ်လမ်းတွဲမှာ ကင်ဆိုးယွန် ဟာ မင်းသား လီဒေါင်ဝတ်နဲ့ တွဲဖက်သရုပ်ဆောင်ရမှာလည်းဖြစ်ပါတယ်။ အဆိုပါသတင်းနဲ့ပတ်သက်ပြီး သူ့ရဲ့အေဂျင်စီက ယင်းဇာတ်လမ်းတွဲဟာ လက်ရှိမှာ ကင်ဆိုးယွန်ကို ကမ်းလှမ်းထားတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး လက်ရှိအချိန်အထိတော့ လက်ခံဖို့ အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

အဆိုပါရုပ်ရှင်ရဲ့ ဒုတိယရာသီအတွက် ဇာတ်လမ်းတွဲသစ်မှာ အပိုင်း ၁၆ ပိုင်း ပါဝင်မှာဖြစ်ပါတယ်။ မြို့ထဲမှာ လျှို့ဝှက်နေထိုင်နေတဲ့ အမြီးကိုးချောင်းပါရှိတဲ့ မြေခွေးအကြောင်း ဖော်ထုတ်တဲ့ အဆိုပါ ဇာတ်လမ်းတွဲရဲ့ ပထမရာသီမှာတော့ လီဒေါင်ဝတ်နဲ့အတူ ဂျိုဘိုအာ၊ ကင်ဘမ်တို့က ပါဝင် သရုပ်ဆောင်ခဲ့ကာ ၂၀၂၀ ပြည့်နှစ်အတွင်း ထုတ်လွှင့်ပြသခဲ့တာဖြစ်ပါတယ်။

အေးပြည့်