ရုပ်သံဇာတ်လမ်းတွဲသစ်နဲ့ ပရိသတ်ရှေ့ပြန်လာဖို့ရာ ဆွေးနွေးနေတဲ့ ဆူဇီ

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ မင်းသမီးတစ်ဦးဖြစ်သူ ဆူဇီဟာ သည်းထိတ်ရင်ဖို ဇာတ်လမ်းအမျိုးအစားဖြစ်တဲ့ ဇာတ်လမ်းတွဲရုပ်ရှင်သစ်တစ်ခုမှာ ပါဝင်သရုပ်ဆောင်ဖို့ရာ လတ်တလောမှာ ဆွေးနွေးမှုတွေ ပြုလုပ်နေတာဖြစ်ကြောင်း အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ဇူလိုင် ၈ ရက်မှာ ဆူဇီရဲ့ ဖျော်ဖြေရေးအေဂျင်စီက မင်းသမီးအနေနဲ့ The Second Anna လို့ အမည် ပေးထားတဲ့ ဇာတ်လမ်းတွဲရုပ်ရှင်သစ်မှာ ပါဝင်သရုပ်ဆောင်ဖို့ရာ ကမ်းလှမ်းခံထားရပြီး လတ်တလောမှာ လက်ခံ စဉ်းစားပေးနေကြောင်း ပြောကြားခဲ့ပါတယ်။

ရင်းနှီးတဲ့အသိုင်းအဝိုင်းမှ သတင်းရင်းမြစ်တစ်ဦးရဲ့ ပြောကြားချက်အရ ဆူဇီအနေနဲ့ အဆိုပါ ဇာတ်လမ်း တွဲကို လက်ခံရိုက်ကူးပေးနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ အဆိုပါဇာတ်လမ်းတွဲမှာ ဆူဇီကို ကမ်းလှမ်း ခဲ့တဲ့ ဇာတ်ကောင်ဟာ စရိုက်နှစ်မျိုးရှိနေပြီး လက်တွေ့ဘဝမှာတော့ အမြဲလိမ်ညာနေသူတစ်ဦးဖြစ်ကာ သူဖန်တီးထားတဲ့ စိတ်ကူးယဉ်ကမ္ဘာကိုသာ ယုံကြည်နေသူတစ်ဦးဖြစ်ပါတယ်။ အဆိုပါဇာတ်လမ်းတွဲကို ယခုနှစ်အတွင်း စတင်ရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အေးပြည့်