ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၆ ဒသမ ၇၂ သန်းကျော်ရှိလာ

 

မော်စကို ဩဂုတ် ၂၂

ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၁၀၀၀ ထပ်မံတွေ့ရှိခြင်းကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၆၇၂၆၅၂၃ ဦးရှိလာကြောင်း ရုရှားနိုင်ငံ၏ ကိုဗစ်-၁၉ရောဂါစောင့်ကြည့်ရေးနှင့် တုံ့ပြန်ရေးစင်တာ၏ ယနေ့ ပြောကြားချက်အရ သိရသည်။

ထို့ပြင် ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၇၉၇ ဦး ရှိခြင်းကြောင့် သေဆုံးသူစုစုပေါင်း ၁၇၅၂၈၂ ဦးရှိလာ ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၂၀၆၄၇ ဦးရှိခြင်းကြောင့် ပြန်လည်ကျန်းမာလာသူ စုစုပေါင်း ၆၀၀၄၀၅၂ ဦးရှိလာကြောင်း သိရသည်။

ရုရှားနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါစောင့်ကြည့်ရေးနှင့် တုံ့ပြန်ရေးစင်တာ၏ ပြောကြားချက်အရ မြို့တော်မော်စကိုသည်ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု အများဆုံး ဒေသဖြစ်ကြောင်းနှင့် လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၈၅၂ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် ကူးစက်ခံရသူစုစုပေါင်း ၁၅၅၃၁၆၃ ဦးရှိလာကြောင်း သိရသည်။

လက်ရှိတွင် ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးနှစ်ကြိမ်စလုံးထိုးနှံပြီးသူ ၃၄ သန်းကျော် ရှိသွားပြီဖြစ်ကြောင်းလည်း ရုရှားနိုင်ငံ၏ကိုဗစ်-၁၉ ရောဂါစောင့်ကြည့်ရေးနှင့် တုံ့ပြန်ရေးစင်တာက ပြောကြားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်