ရုရှားနိုင်ငံတွင် ခရီးသည်တင်လေယာဉ် ပျက်ကျမှုဖြစ်ပွား လူလေးဦးသေဆုံး

စက်တင်ဘာ ၁၃

ရုရှားနိုင်ငံ အာကတ်ခ်ဒေသတွင် ယမန်နေ့က  L-410 လေယာဉ်တစ်စင်း မြေပြင်သို့ခက်ခက်ခဲခဲသက်ဆင်းနေစဉ် မတော်တဆမှုဖြစ်ပွားခဲ့သဖြင့် လူလေးဦးထက်မနည်း သေဆုံးခဲ့ပြီး အခြား ငါးဦးဒဏ်ရာရရှိခဲ့သည်။

အဆိုပါ လေယာဉ်မတော်တဆမှု ဖြစ်ပွားချိန်တွင် လေယာဉ်ပေါ်၌ လေယာဉ်အမှုထမ်းနှစ်ဦးနှင့် ခရီးသည် ၁၄ ဦးပါရှိကြောင်း အာအိုင်အေ နိုဗိုတီနယူးစ်အေဂျင်စီက ဖော်ပြထားသည်။

ကယ်ဆယ်ရေးသမားများက ထိုမတော်တဆမှုဖြစ်ပွားရာနေရာ၌ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြသည်။

ယင်းဒဏ်ရာရရှိသူများကို ဒေသန္တရဆေးရုံတွင် ဆေးကုသမှုပေးရန် စီစဉ်ထားသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို