ရုရှားနိုင်ငံ၏ မြို့တော် မော်စကိုတွင် စက်တင်ဘာ ၇ရက်နေ့ နံနက် ကိုးနာရီ အချိန်၌ အထပ်ကိုးထပ်ရှိသည့် လူနေအိမ် အဆောက်တစ်ခု၏ အပေါ်ထပ်အခန်းတွင် မီးလောင်မှုဖြစ်ပွားရာ သုံးဉီးသေဆုံးခဲ့ကြောင်း ဒေသန္တရ မီဒီယာက တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ အဆောက်အဦသည် ဇီလန်နိုဂန် ခရိုင်တွင် တည်ရှိသည်။
ကယ်ဆယ်ရေးအဖွဲ့ဝင်များ ရောက်ရှိလာသည့်အခါ တိုက်ခန်းမှာ အကြီးအကျယ်ရှုပ်ပွနေကြောင်း မော်စကိုအရေးပေါ်အေဂျင်စီ၏ ကိုကားချက်ကို ဖော်ပြပြီး သတင်းထုတ်ပြန်ထားသည်။
မီးလောင်မှုမှာ ရုရှားစံတော်ချိန် ၅နာရီ ၄၁မိနစ်အချိန်တွင် လောင်ကျွမ်းခဲ့ဖြစ်ပေါ်ခဲ့ပြီး စတုရန်းမီတာ ၅၀မီတာ အထိ လောင်ကျွမ်းခဲ့ပြီး နံနက် ၅နာရီ ၅၁မိနစ်အချိန်တွင် မီးငြှိမ်းသွားခဲ့ကြောင်း ရုရှားမီးသတ်ဌာနက ထုတ်ပြန်ခဲ့သည်။
ယခုနှစ် မော်စကိုတွင် ဇန်နဝါရီလ အတွင်းလောင်ကျွမ်းခဲ့သည့် မီးလောင်ကျွမ်းမှုသည် အပြင်းထန်ဆုံးဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်