ရုရှားသမ္မတကို အတိုက်အခံပြုသူ နာဗန်နီ ထောင်မှလွတ်မြောက်

မော်စကို ၂၃ သြဂုတ်

ကရင်မလင်ကိုဝေဖန်သူ၊ ရုရှားသမ္မတ ပူတင်ကို အတိုက်အခံပြုသူ အလက် ဇီနာဗန်နီသည် ဆန့်ကျင်ဆန္ဒပြမှုများကို စီစဉ်မှုဖြင့် ရက်ပေါင်း ၃၀ ထောင်ကျပြီး နောက် သြဂုတ် ၂၃ ရက်က ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။ လွန်ခဲ့သည့်လက စတင်ခဲ့သည့် ၎င်း၏ဆန့်ကျင်ဆန္ဒပြမှုများကြောင့် မော်စကိုအား ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။

၎င်းထောင်မှလွတ်မြောက်လာသည့်အတွက် ရဲတပ်ဖွဲ့ဝင်များက ထောင်အပြင်တွင် နေရာယူထားကြသော်လည်း ၎င်းကို ဖမ်းဆီးမှုများ ပြန်လည်ပြုလုပ်မည့် သဘောမတွေ့ရချေ။ ထို့အတူ အခြားနာမည်ကြီး အတိုက်အခံခေါင်းဆောင်များလည်း ထောင်မှ လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

သို့သော်လည်း နာဗန်နီက ၎င်းကို ထောက်ခံသူများကို လမ်းများပေါ်ထွက်၍ ဆူပူမှုများ ထပ်မံပြုလုပ်ရန် ဆက်လက် တိုက်တွန်းပြောကြားမှုများ ပြုလုပ်ခဲ့သည်။ အကယ်၍ ထိုသို့ ထပ်မံပြုလုပ်ပါက သက်ဆိုင်ရာ အာဏာပိုင်များက ၎င်းကို နောက်ထပ်တစ်ခါ ပြန်လည်ဖမ်းဆီးထိန်း သိမ်းမှုများပြုလုပ်မည်ဖြစ်သည်။

နာဗန်နီသည် ထောင်ထဲမှ ပြုံးပျော် လျက်ထွက်လာခဲ့သည်။ အတိုက်အခံခေါင်းဆောင်များနှင့် အဂတိတိုက်ဖျက် ရေးလှုံ့ဆော်သူများက လမ်းများပေါ်ထွက်ကာ ဆန္ဒပြမှုကို ရုရှားအာဏာပိုင်များက နှိမ်နင်းမှုများပြုလုပ်သည့်အတွက် ၎င်းတို့ကို အတိုက်အခံခေါင်းဆောင်များနှင့် အဂတိတိုက်ဖျက်ရေး လှုံ့ဆော်သူများက အကြမ်းဖက်လုပ်ရပ်ကို ပြုလုပ်သူများအဖြစ် ရှုတ်ချခဲ့သည်။

အဆိုပါလှုပ်ရှားဆန္ဒပြမှုများသည် ဆက်လက်မြင့်တက်လာပြီး ရုရှားအစိုးရအနေဖြင့် ၎င်းတို့ပြုလုပ်ခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ပြင်းထန်စွာ နောင်တရမည်ဖြစ်ကြောင်း နာဗန်နီက သတင်းထောက်များကို ပြောကြားခဲ့သည်။

နာဗန်နီသည် ၎င်း၏ ဇနီးမွေးနေ့အတွက် ပန်းလက်ဆောင်ပေးရန် ပန်းထွက်ဝယ်ချိန် ဇူလိုင် ၂၄ ရက်တွင် မော်စကို၌ ဖမ်းဆီးခံခဲ့ရသည်။ နာဗန်နီသည် အသက် ၄၃ နှစ်ရှိပြီဖြစ်ကာ ယေးလ် တက္ကသိုလ်ထွက် ပညာတတ်ရှေ့နေတစ်ဦး ဖြစ်သည်။ ၎င်းသည် ဆန္ဒပြမှုများကို စည်းရုံးသည့် ဥပဒေချိုးဖောက်မှုဖြင့် ထောင်ကျခဲ့ခြင်းဖြစ်သည်။

အေအက်ဖ်ပီ