သားအိမ်ခေါင်းကင်ဆာအကြောင်း သိကောင်းစရာ

၁၈ သြဂုတ်


ယနေ့ခေတ်မှာ သားအိမ်ခေါင်းကင်ဆာက အသက်ဘေးကိုပါ ရန်ရှာလာတဲ့အတွက် အမျိုးသမီးထုကြီးက စိုးရိမ်လာပါပြီ။ ဒါ့ကြောင့် သားအိမ်ခေါင်းကင်ဆာနဲ့ပတ်သက်တဲ့ အချက်တွေကို သင့်အနေနဲ့သိထားဖို့ အရေးကြီးပါတယ်။ အခုပြောပြမှာက သင်သိထားသင့်တဲ့ သားအိမ်ခေါင်းကင်ဆာနဲ့ပတ်သက်တဲ့ အချက်လေးတွေပါ။


အမေရိကန် ကင်ဆာအဖွဲ့အစည်းရဲ့ ရီပို့အရ ၂၀၁၆ ခုနှစ်မှာ သားအိမ်ခေါင်းကင်ဆာဖြစ်သူ အရေအတွက်မှာ ၁၂၉၉၀ ရှိပြီး သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးသူ ၄၁၂၀ ရှိကြောင်း တွေ့ရပါတယ်။


သားအိမ်ခေါင်းကင်ဆာက ဒုတိယအဖြစ်အများဆုံး ကင်ဆာဖြစ်ပါတယ်။


သားအိမ်ခေါင်းကင်ဆာကို လုံးဝရှောင်ကျဉ်လို့ရပါတယ်။ အမေရိကန်ရဲ့ သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးသူမှတ်တမ်းအရ ကာကွယ်မှုတွေကြောင့် သေဆုံးနှုန်းလျော့သွားတာ တွေ့ရပါတယ်။


သားအိမ်ခေါင်းကင်ဆာက တဖြည်းဖြည်းချင်း ကြီးထွားလာတဲ့ ကင်ဆာမျိုးဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာစဖြစ်နေချိန်နဲ့ သားအိမ်ခေါင်းကင်ဆာ ဖြစ်လာနိုင်ချေရှိခြင်းကို စမ်းသပ်မှုတွေပြုလုပ်လို့ရနိုင်ပါပြီ။ စမ်းသပ်မှုတွေက သားအိမ်ခေါင်းအချွဲမြှေးစစ်ခြင်းနဲ့ human papilloma virus test ပဲဖြစ်ပါတယ်။


Human Papilloma Virus (HPV) နဲ့ကူးစက်ခံရခြင်းက သားအိမ်ခေါင်းကင်ဆာကြီးထွားမှုနဲ့ ဆက်နွှယ်နေပါတယ်။


Human Papilloma Virus ကိုကာကွယ်ဖို့ကာကွယ်ဆေးရှိပါတယ်။


ကျန်းမာတဲ့နေထိုင်မှု ပုံစံကိုလိုက်နာခြင်းက သင့်ရဲ့သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်နှုန်းကို လျော့စေပါတယ်။


လိင်ဆက်ဆံသူ အရေအတွက်ကန့်သတ်ထားခြင်း


ဘေးကင်းတဲ့ စိတ်ချရတဲ့လိက်ဆက်ဆံမှုကို လေ့ကျင့်ခြင်း


လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်း


ကျန်းမာစွာစားသောက်ခြင်း


ဆေးလိပ်ရှောင်ခြင်း


သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေမြင့်စေတဲ့ အရာတွေကတော့


ခုခံအားကျဆင်းမှုရောဂါ


ခုခံအားကျဆင်းနေခြင်း


သင့်မိခင်ကိုယ်ဝန်ဆောင်စဉ်က diethylstilbestrol (DES) နဲ့ထိတွေ့မိခြင်း


သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်းကို သင့်အသက်၂၁ မှာ စသင့်ပါတယ်။ သက်ဆိုင်တဲ့ပညာရှင်တွေက သင့်ကိုပြုလုပ်ရမယ့်စစ်ဆေးမှုတွေနဲ့ ကူညီမှာဖြစ်ပြီး သင့်တော်တဲ့စစ်ဆေးမှုတွေကိုလည်း ရွေးပေးမှာပါ။


အကျဉ်းချုံးပြီး ပြောရရင်သင့်အနေနဲ့ သားအိမ်ခေါင်းကင်ဆာဖြစ်လာနိုင်ခြေကို လျှော့ချသင့်ပါတယ်။ ဒါ့အပြင် သင့်မှာသားအိမ်ခေါင်းကင်ဆာ ရှိမရှိစစ်ဆေးဖို့က မလုပ်မဖြစ်လုပ်ရမှာဖြစ်ပြီး သင့်အနေနဲ့ သင့်ဆရာဝန်ကိုသင်နဲ့သင့်တော်မယ့်သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှု လုပ်ပေးဖို့ဆွေးနွေးပါ။


အခုပြောပြသွားတာတွေက သားအိမ်ခေါင်းကင်ဆာနဲ့ပတ်သက်တဲ ယေဘူယျအကျဆုံး အချက်တွေပါ။ အသေးစိတ်ကိုတော့ ဆရာဝန်နဲ့ဆွေးနွေးနိုင်ပါတယ်။


ရေးသားသူ - Kyaw Thura Htun


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. K Zin Thwe


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”