သာစည်မြို့နယ် မိတ္ထီလာ-တောင်ကြီးကားလမ်းပေါ်တွင် ယာဉ်တိမ်းမှောက်၍ သုံးဦးသေဆုံး ၁၈ ဦးဒဏ်ရာရ

သာစည် ၈ ဇွန်

 


မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် မိတ္ထီလာ-တောင်ကြီးကားလမ်း မိုင်တိုင်အမှတ်(၃၃/၁)နှင့် (၃၃/၂)ကြား ယင်းမာပင်ကျေးရွာအနီးတွင် ယမန်နေ့ ည ၇ နာရီ ခန့်က ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

 

ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းအရ ဒုတိယရဲအုပ် ရန်သိန်းနှင့်တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူသွားရောက်ကြည့်ရှု့စစ်ဆေးရာ အရှေ့မှ အနောက်သို့ မောင်မောင်တင်(ခ)မြလှ (၂၄)နှစ် (ဘ)ဦးကျင်ဆောင် ကန်ကြီးအောက်ကျေးရွာ သာစည်မြို့နယ်နေသူ မောင်းနှင်သော 8K/2282 Light Truck အဖြူရောင်ယာဉ်မှာ ဘရိတ်ပေါက်ကာ လမ်းဝဲဘက်ခြမ်းရှိ ကျောက်နံရံအားဝင်တိုက်ပြီး တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအပါအဝင် ကျား(၁၀)ဦး မ(၁၁)ဦး စုစုပေါင်း(၂၁)ဦးအနက် ကန်ကြီးအောက်ကျေးရွာ သာစည်မြို့နယ်နေသူများဖြစ်ကြသော ဦးလှဖေ (၇၇)နှစ် (ဘ)ဦးလှမောင်၊ ဦးတင်အောင် (၆၁)နှစ် (ဘ)ဦးဖိုးရီ နှင့် မမာဝင်း(၄၁)နှစ် (ဘ)ဦးဖိုးစိုး တို့သည် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ပြီး ၇ ဦးမှာ စိုးရိမ်ဒဏ်ရာများရရှိခဲ့၍ မိတ္ထီလာပြည်သူ့ဆေးရုံတွင် ဆေးကုသမှု့ခံယူလျက်ရှိသည်။ ကျန်ခရီးသည် (၁၁)ဦးမှာ ဒဏ်ရာများ (မစိုးရိမ်ရ)ရရှိခဲ့၍ သာစည်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်းသိရသည်။

 


ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အားမဆင်မခြင်မောင်းနှင်သူ မောင်မောင်တင်(ခ)မြလှ အား ယင်းမာပင်နယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

ထီလာ ကိုငယ်လေး