သာကေတ နှင့် လားရှိုးမြို့နယ် တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

mdn

နေပြည်တော်   ၂     နိုဝင်ဘာ

 

မူးယစ်တပ်ဖွဲ့စု(၄၁) ရန်ကုန်(အရှေ့)မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည်  နိုဝင်ဘာ ၁ ရက် မွန်းလွဲ ၁ နာရီက သာကေတမြို့နယ်၊ အမှတ်(၃)ရန်ပြေရပ်ကွက်၊ ရန်ပြေ(၅)လမ်း ကွေ့တွင် တွေ့ရှိသူ ဒေါ်ဥမ္မာခိုင် အားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,ဝ၀ဝ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

 

 

 

အလားတူ ယင်းနေ့မွန်းလွဲ ၁၂ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ ခါးသျှိကျေးရွာsအုပ်စု၊ ခါးသျှိကျေးရွာအနီး၊ မူဆယ်-မန္တလေးသွား ပြည်ထောင်စုကားလမ်းမပေါ်တွင် အိုက်ခမ်း မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်ကိုရပ်တန့် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၄၀ဝ  သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့ အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင် ရာ ဥပဒေအရ အရေးယူထား ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

 

 

(သတင်းစဉ်)