သာကေတမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အဝါရောင်ကမ်ပိန်း ဆောင်ရွက်

သာကေတ၊ ၁၈ ဇန်နဝါရီ

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဇန်နဝါရီ ၁၈ ရက် နံနက် ၈ နာရီတွင် သာကေတမြို့နယ် အမှတ်(၇)စျေး၌ အဝါရောင်ကမ်ပိန်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် စျေးဝယ်လာသူများ၊ စျေးရောင်းသူများ၊ လမ်းသွား၊ လမ်းလာများ၊ တက္ကဆီသမားများ၊ ရုံးဝန်ထမ်းများအား ကိုဗစ်ကာကွယ်ရေးအတွက် နှာခေါင်းစည်းတပ်ပါ၊ လက်ဆေးပါ၊ ခပ်ခွာခွာနေပါ၊ တစ်ဦးကိုတစ်ဦး အသိပေးပါ၊ သတိပေးပါ စာတန်းများ ပါရှိသည့် နံရံကပ်စတေကာများ၊ နှာခေါင်းစည်းများကို  သာကေတမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ(ဥက္ကဋ္ဌ) ဦးစိုးလင်းထိုက်မှ ဦးဆောင်၍ ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက လိုက်လံပေးဝေပြီး အသိပညာပေး ဆောင်ရွက်ကြောင်း သိရသည်။

 

အလားတူ အဝါရောင်ကမ်ပိန်းလှုပ်ရှားမှုကို သာကေတမြို့နယ် ဇင်္ဂမလမ်းနှင့် အနော်မာလမ်းဆုံ၌လည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ကိုဘုန်း(ပြန်/ဆက်)